Unicode
ဟင်းချက်နည်းကို ပါးစပ်ကသာလွယ်ပြီး အမှန်တကယ်ချက်ဖို့က တော့ ခက်ခဲလှသည်။ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးပါပြီး အဲ့တာတွေက ဘာတွေလဲဆိုတာ ယွမ်ဟန်မသိခဲ့ဘူး။
ထိုအချိန်ရောက်မှ ဝမ်ကျင်းလည်း ဒီကမ္ဘာမှာ မရှိသေးတဲ့ အရာများစွာရှိတာကို သတိရတော့သည်။ အဘိုးအိုက စွမ်းရည်အားလံကို ပေးစွမ်းထားခဲ့ပေမယ့် သူက ဒီကမ္ဘာမှ ပါဝင်ပစ္စည်းများကို အသုံးပြုရမည်သာ...။
အရင်တစ်ခါက ဝမ်ကျင်း ဆေးပင်များကို ရှာတွေ့ခဲ့သောကြောင့်သာ ဆေးနည်းကို အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ အခုကတော့... သူ့လက်ထဲတွင် ထိုဟင်းခတ်အမွှေးအကြိုင်များဆိုဝေးစွ၊ အပင်များပင်မရှိ၊ နာမည်တစ်ခုသာ ရှိသည်။ ထိုအရာများကို ယွမ်ဟန်အား မည်သို့ရှင်းပြရမည်မှန်း သူမသိပါလေ။
ဟင်းခတ်အမယ်တွေမပါဘဲ ဘယ်အသားက အရသာရှိနိုင်မှာလဲ!!
ဝမ်ကျင်း ခေါင်းနပန်းကြီးနေပြီ။ ဝမ်ကျင်းစကားကိုကြားပြီးနောက် ယွမ်ဟန်က သူစိတ်ထပ်ဖောက်နေပြီဟုထင်လိုက်လေတော့သည်။ သို့သော် အရင်တစ်ခါက ဆေးပင်များကို သတိရပြီးနောက် ဤအရူးလေးသည် သူ့အတွက် အံ့အားသင့်စရာအချို့ထပ်လုပ်တော့မည်ဟု မသိစိတ်က မျှော်လင့်နေမိတော့သည်။
ဒါပေမယ့် အရူးလေးက သူနားမလည်တဲ့အရာတချို့ကို ပြောပြီးနောက် အေးခဲသွားကာ သူ့ရဲ့ တက်ကြွနေတဲ့အသွင်အပြင်ကပျောက်ကွယ်သွားခဲ့သည်။ ယွမ်ဟန်က ခေါင်းကိုငုံ့ကာ ခိုကိုးရာမဲ့ မှိုင်ငိုင်နေသော ကောင်လေးကို အပြင်ဘက်စားပွဲမှာ ထိုင်ခိုင်း လိုက်သည်။
စားပွဲဘေးရှိ အသီးအနှံအစည်းများထဲမှ ပန်းပွင့်တစ်ပွေ့စာ ရှိနေသည်။ ပန်းပွင့်များတွင် ပင်စည်ကလွဲ၍ မည်သည့်အရွက်မျှမရှိ၊ ရိုးတံတစ်ခုတွင် ပန်းပွင့်နှစ်ပွင့်သာ ပါရှိပြီး တစ်ပွင့်မှာ အဖြူ၊နောက်တစ်ပွင့်သည် အနီရောင်ဖြစ်နေသည်မှာ အလွန်ထူးဆန်းလှသည်။
ပန်းပွင့်များ၏အလယ်တွင် အသီးတစ်ခုရှိသည်။ အခွံသည် ကြည်လင်ချောမွေ့နေပြီး အခွံအတွင်းမှ အဖြူရောင်အသားများကို အတိုင်းသား မြင်နိုင်သည်။ ယွမ်ဟန်က ပန်းတစ်ပွင့်ထဲက အသီးကို ဆွဲထုတ်ပြီး ဝမ်ကျင်းကိုပေးကာ

YOU ARE READING
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
RomanceName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra