Chapter ~ 21

673 74 5
                                    


Unicode

ဒီအမာရွတ်နဲ့ ပတ်သက်ပြီး အရူးလေးက အမြဲတမ်း သူ့ထက် ပိုစိုးရိမ်နေခဲ့တယ်။ ယွမ်ဟန်ရဲ့နှလုံးသားက ကျေနပ်မြတ်နိုးမှုများနဲ့ နွေးထွေးသွားတယ်။

ဝမ်ကျင်းက ဆေးထည့်ထားသောခွက်ကို ယူလိုက်ပြီး  ယွမ်ဟန်ရဲ့လက်ထဲကို ထည့်လိုက်သည်။

'' ပျောက်သွားပြီးပြီဆို နောက်တစ်ခေါက်ထပ်အရူးမထနဲ့တော့ ''

" အရူးထတာလား? "

ဝမ်ကျင်းက တစ်ခုခုသိထားဟန်ပြုမူနေသည်ကို ကြည့်ရင်း အိမ်ပြန်လာစဉ်က မုကောအာတို့နှင့် ဝိုင်းဖွဲ့စကားပြောနေသည်ကို သတိရသွားတယ်။ ကြည့်ရတာ ဒီအမာရွတ်ရဲ့ ဇာတ်လမ်းကို သူတို့ဆီကနေကြားလာတာပဲဖြစ်ရမယ်။

ယွမ်ဟန် ဝမ်ကျင်းရဲ့ မျက်နှာကို အံ့ဩစွာမော့ကြည့်လိုက်တော့ သူ့မျက်နှာပေါ်က အမူအရာတစ်ခုစီတိုင်းက မကျေနပ်ကြောင်း စာလုံးခပ်ကြီးကြီး နှင့်ရေးထိုးထားသည်ကိုတွေ့လိုက်ရသည်။

ယွမ်ဟန်ရဲ့ နှလုံးသားက တုန်လှုပ်သွားပြီး မတွေးပဲမနေနိုင်တော့ပေ။

' အရူးလေးက တခြားကောကိုကယ်ခဲ့တာကိုသိလို့ မပျော်တာလား။ သူသဝန်တိုနေတာဖြစ်လောက်လား '

ဒီလို အတွေးတွေဝင်လာပြီးတဲ့နောက်မှာတော့ သူ့နှလုံးသားကို ငှက်မွေးနုနုနဲ့ လာပွတ်သပ်နေသလိုခံစားလာရပြီး

သူ့ရှေ့ကကောင်ငယ်လေးကို လက်နှစ်ဖက်နှင့် ဖြစ်ညှစ်ပစ်ချင်စိတ်ကို သည်းမခံနိုင်တော့ပေ။

" နောက်မရှိစေရဘူး " ယွမ်ဟန်က လေးနက်စွာ ကတိပေးသကဲ့သို့ တိုးတိုးလေး ပြောလာခဲ့သည်။

ဝမ်ကျင်းက အခြားအရာများဆီကို အတွေးရောက်သွားသည့် အတွက် ယွမ်ဟန်ရဲ့စကားကို သေချာမကြားလိုက်ပေ။ တီးတိုးပြောသံကို မသည်းမကွဲကြားလိုက်ရသည့် အတွက် ပြန်မေးရန် ယွမ်ဟန်ကို ကြည့်လိုက်သည်။

ထိုသို့ကြည့်လိုက်တော့မှ ယွမ်ဟန်က သူ့ကိုကြည့်နေတာ သိလိုက်ရတယ်။ သူကြည့်နေတာ ဘယ်လောက် ကြာနေပြီ လည်းတော့မသိ...။ သူ့မျက်လုံးတွေက တောထဲကသားရိုင်းကောင်တွေ သားကောင်ကို အမဲဖျက်ဖို့ချောင်းနေသလို သူ့ နှုတ်ခမ်းတွေကိုစိုက်ကြည့်နေခဲ့တယ်။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now