Chapter ~ 9

1.5K 291 4
                                    

Unicode

အကုန်လုံးက မကောင်းဆိုးဝါးတွေလား...!!!

ဝမ်ကျင်း ရုတ်တရက် ခေါင်းထဲကနာကျင်လာတာကိုခံစားလိုက်ရသည်။ ပြီးတော့မှ ဒါက သားရဲကမ္ဘာဖြစ်ပြီး ယောင်္ကျားတွေတိုင်း သားရဲပုံစံရှိသည်ကို သတိရလိုက်သည်။

မူလကိုယ်ရဲ့ မှတ်ဉာဏ်ထဲမှာ သားရဲလူသားတွေ ပုံစံပြောင်းတာကို တစ်ခါမှမမြင်ဖူးခဲ့သလို ဝမ်ကျင်းလည်း ဒီကိုရာက်ကတည်းက တစ်ခါမှမမြင်ဖူးပေ။ ဒါကြောင့် သူ ခဏလောက် ဘာမှမစဉ်းစားနိုင်ပဲဖြစ်သွားသည်။

"အားယွမ်..."

အားမုက ထိတ်လန့်တကြား ခေါ်ကာ ဝမ်းပန်းတနည်း အားယွမ်ဆိုတဲ့လူရဲ့ လက်မောင်းကြားမှာ သူ့ကိုယ်သူ နစ်မြုပ်စေလိုက်သည်။ထိုလူကလည်း လည်း သူ့ လက်မောင်းထဲက အားမုကို နှစ်သိမ့်ပေးနေသည်။

ဝမ်ကျင်းက မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်ပေမယ့် အဲ့ဒီအခိုက်မှာပဲမူးဝေလာပြီး ပြန်လဲကျသွားတော့မလိုပဲ။ ဒါပေမယ့် သန်မာလှတဲ့ လက်တွေက သူ့ကို ထိန်းပေးထားတဲ့ အတွက်လဲကျမသွားခဲ့ပေမယ့် အမြင်တွေ ဝေဝါးလာပြီး ခြေထောက်တွေလဲ အားမရှိတော့ပဲ လုံးဝ သတိလစ်သွားတယ်။

._._._.

အချိန်တခဏ ကြာပြီးတဲ့နောက်မှာ ဝမ်ကျင်းသတိပြန်လည်လာတယ်။ ပထမဆုံးကြားရတာက အားမုရဲ့အသံပါပဲ။

"ဟန်ကော၊ သူတို့တွေကတကယ်လွန်တယ်!! အားကျင်း သူတို့တွေဆီကနေ ဒီတလျောက်လုံးအနိုင်ကျင့်ခံခဲ့ရတာ၊ အကယ်၍များ အကိုတို့နဲ့မတွေ့ခဲ့ရင် အားကျင်းနဲ့ကျွန်တော်.... "

အားမုကဆက်မပြောနိုင်တော့ပဲတစ်ရှုံရှုံငိုနေခဲ့သည်။

" အဆင်ပြေသွားမှာပါ၊ မုမု ကိုယ်ဒီမှာရှိတယ်။ "
နူးညံ့တဲ့ ယောင်္ကျားတစ်ယောက်ရဲ့အသံက အားမုကို နှစ်သိမ့်ပေးနေတယ်။

ဝမ်ကျင်းက သူ့လက်ကောက်ဝတ်ကို လက်တစ်စုံက ကိုင်ထားတာကိုခံစားမိနေသည်။ အားမုစကားဆုံးသွားဆာနဲ့ အဲ့လက်ဆုပ်ကိုင်ထားတာက တင်းကြပ်လာပြီး ဝမ်ကျင်းလက်ကိုပါ နာကျင်လာစေသည်။

ဝမ်ကျင်းက ကော်ကပ်ထားသလိုဖြစ်နေတဲ့ မျက်ခွံတွေကို ဖွင့်ဖို့ကြိုးစားလိုက်သည်။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now