Unicode
လူတိုင်းက အသံလာရာကို လှမ်းကြည့်လိုက်ကြသည်။ လူအုပ်ထဲမှ သားရဲဝတ်စုံနဲ့လူတစ်ယောက်က စိတ်ပျက်နေတဲ့အမူအရာနှင့် သူတို့ရှိရာကို လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
" ခေါင်းဆောင်? " အားမုက တိုးညှင်းသောလေသံဖြင့် ညည်းတွားလိုက်သည်။
' ခေါင်းဆောင်! ' Danmu မျိုးနွယ်စုရဲ့ခေါင်းဆောင်လား။
ခေါင်းဆောင်က မူလကိုယ်ကို မျိုးနွယ်စုမှာ နေထိုင်ခွင့်ပေးခဲ့ပေမယ့် သူ့ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ဝမ်ကျင်းက ခေါင်းမော့ပြီးတော့ မခေါ်ပဲရောက်လာတဲ့လူကို တစ်ချက် ငဲ့ကြည့်လိုက်တယ်။ ဒီလူက ချောတော့ချောပေမယ့် အိမ်ကလူလောက်တော့ မဟုတ်ဘူး။ ယွမ်ဟန်သာ သူ့မျက်နှာပေါ်က အမာရွတ်ပျောက်သွားမယ်ဆို ဒီလူထက် အဆထောင်ပေါင်းများစွာ ပိုချောမှာ။ ဝမ်ကျင်းက တစ်ချက်လောက်သာကြည့်ပြီး ဘေးကိုပြန်လှည့်သွားခဲ့သည်။
ခေါင်းဆောင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး အားယွဲ့ကို မြင်တဲ့အခါ သူ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ ဒါပေမယ့် အားယွဲ့ရဲ့ သူ့ကို ရှောင်ဖယ်လိုတဲ့ အပြုအမူကြောင့် သူ့မျက်လုံးတွေကို အားယွဲ့ဆီကနေ လွှဲလိုက်တော့သည်။
နောက်ဆုံးမှာ သူ့မျက်လုံးတွေက ဝမ်ကျင်းဆီရောက်လာပြီး သူ့ကို စုန်ဆန်ကြည့်လိုက်သည်။ ခေါင်းဆောင်ရဲ့ အမူအရာက ဆိုးဆိုးဝါးဝါးပြောင်းလဲသွားပြီး ကဲ့ရဲ့ပြောလိုက်သည်။
" အကုန်လုံးက မင်းကို ရူးနေတယ်လို့ပြောပေမယ့် မင်းက လက်စားပြန်ခြေနိုင်တဲ့အထိ အသိစိတ်ရှိနေသေးတာပဲ "
ဝမ်ကျင်းက မျက်ခုံးကိုပင့် မျက်နှာကိုဝင့်ကာ ပြန်ဖြေလိုက်သည်။
" မဟုတ်ပါဘူး။ ကျွန်တော်က အရူးပါ "
အရင်က သူ လူတိုင်းကို ရှင်းပြခဲ့ပေမယ့် လူတိုင်းက မယုံကြဘူး။အခုကျပြန်တော့ ရူးမနေဘူးပြောကြပြန်တယ်။ တော်ပြီ။ သူရူးနေရတာကိုပဲ ပျော်တယ်။ ရူးနေရင် ထူးထူးဆန်းဆန်းတွေလုပ်လည်း အဆင်ပြေတယ်။

STAI LEGGENDO
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
Storie d'amoreName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra