Chapter ~ 7

1.7K 280 3
                                    

Unicode

အားမုက နည်းနည်းတော့ အံ့သြသွားတယ်။ ဝမ်ကျင်းကို ပြုစုနေတုန်းက သူ့နာမည်တောင် ခေါ်နိုင်ဖို့နေနေသာသာ အသံတောင်ရှင်းအောင်မထွက်နိုင်ခဲ့ဘူး။ မုကောက ဝမ်ကျင်းရဲ့လက်ကို ဝမ်းသာအားရနဲ့ ကိုင်လိုက်ပြီး

" ကျင်းကျင်း ၊ နောက်ဆုံးတော့ ငါနာမည်ကိုခေါ်နိုင်ပြီပေါ့။ "

" အင်း။ ငါ မင်းကို ခေါ်ရုံတင်မကဘဲ စကားလည်း အများကြီး ပြောလို့ရပြီ "

ဝမ်ကျင်းက သူ့နှုတ်ခမ်းတွေကို ကွေးပြီး ချိုသာစွာ ပြုံးပြလိုက်တယ်။

"..."

ယွမ်ဟန်က ဘေးကကြည့်နေရင်းစိတ်မသက်မသာ ဖြစ်နေတယ်။( t.n/ ဟန်ဟန်‌ဂျယ်လီနင် )

ဒီအရူးလေးသည် သူ့ကို တစ်ခါမှ နာမည်မခေါ်ဖူး၊ အားမုကိုပြုံးပြသလို ချိုချိုသာသာ ပြုံးမပြဖူးပေ။

ဒီလူက သူ့နှာခေါင်းကို ကိုင်လိုက်ပြီး ဒီလူနှစ်ယောက်ကြားမှာ ဝင်ပြောဖို့နေရာမရှိသလို ခံစားရလိုက်တယ်။

ယွမ်ဟန်: " အဲ့တာဆို ကိုယ်တောထဲသွားတော့မယ် "

ဒါပေမယ့် သူ့ကို ဘယ်သူမှ အာရုံစိုက်မနေဘဲ အားမု က ဝမ်ကျင်း ကို မေးခွန်းတွေ မေးဖို့ ဆွဲခေါ်လာတယ်။ ဝမ်ကျင်းက အားမု ကို ရင်းနှီးမှုနဲ့ မှီခိုမှုအပြည့်ရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ ယွမ်ဟန်ရဲ့ မျက်ဝန်းတွေတော့ မကျေမနပ်မှု့တွေအပြည့်....။

ကံကောင်းစွာနဲ့၊ အားမုက ကောတစ်ယောက်ဖြစ်ပြီး! ကလေးငယ်ကို အဖော်လုပ်ပေးဖို့  သူကိုယ်တိုင် သွားခေါ်ပေးထားတာဖြစ်တယ်။မဟုတ်ပါက မုကောနဲ့သူ အချစ်လုရန်ဘက်တွေဖြစ်လာလောက်တယ်။

ဝမ်ကျင်းက ယွမ်ဟန်ထွက်သွားတာကို တစ်ချက်ကြည့်လိုက်ပြီး အားမုကို အိမ်ထဲကို ဆွဲခေါ်သွားတယ်။

"အားမု မနက်စာစားပြီးပြီလား။ "

ဝမ်ကျင်းက မထိရသေးသော ကျောက်စိမ်းဖြူသီးတစ်ခြမ်းကို အားမုကို ပေးလိုက်တယ်။

" ဒါ အရသာရှိတယ် မင်းစားဖို့ပေးမယ် "

အားမုက သူ့လက်မောင်းထဲက အသီးကို ငုံ့ကြည့်ရင်း နို့နှစ်လိုအသားလေးတွေ၊ အသီးက ရေဓာတ်အပြည့်နဲ့ အမွှေးရနံ့က သူ့နှာခေါင်းမှာ ပျံ့လွင့်နေတယ်။ ဒီအသီးက...

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now