Chapter ~ 19

705 85 6
                                    

Unicode

ဒါပေမယ့်...အဝတ်အစားအကြောင်းပြောတော့မှ ချက်ချင်းတစ်ခုခုသတိရသွားသည်။

ဝမ်ကျင်းက လေးနက်တဲ့အမူအရာနဲ့ ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်။ မုကောအာပါ လန့်ပြီး သူနဲ့အတူ ထရပ်လိုက်တယ်။

အားကျင်းက အဲဒါကို ပြန်လိုချင်တာလား။ ဒါပေမယ့် အရင်တုန်းကလည်း ပစ္စည်း‌တွေ တစ်ခါမှပြန်မရခဲ့ဘူး ဒီတစ်ခါလည်း အဲ့လိုပဲဖြစ်လောက်မှာ..

မုကောအာက ထစ်ထစ်အအနဲ့ ပြောလာခဲ့တယ်။

'' အား... အားကျင်း!!! ဒီကိစ္စပြီးသွားပြီပဲ ထားလိုက်ကြရအောင်... ငါအိမ်ပြန်ပြီး မင်းအတွက် တိရစ္ဆာန်သားရေအင်္ကျီတစ်စုံချုပ်ပေးပါမယ် ''

ဝမ်ကျင်းက ခေါင်းယမ်းပြလိုက်ပြီး ထောင့်နားကို လျှောက်သွားကာ စောစောကခူးလာတဲ့ သစ်ရွက်ကြီးနှစ်ရွက်ကို သွားယူလိုက်သည်။

အားမုသာ အဝတ်အစားတွေအကြောင်း မပြောခဲ့ဘူးဆိုရင် ဒီသစ်ရွက်တွေကို မေ့သွားလောက်ပြီ...

အရွက်တွေကဝမ်ကျင်းရဲ့ ခန္ဓာကိုယ်တစ်ဝက်အရွယ်အစားရှိပြီးကာ အလွန်ကြီးမားပြီးမာကြောလှသည်။ တောထဲ ညအိပ်ရတဲ့အခါ အခင်းအနေနဲ့အသုံးပြုနိုင်လောက်တယ်။ ဒါပေမယ့် ဝမ်ကျင်းက အခင်းအနေနဲ့အသုံးပြုမှာမဟုတ်တဲ့အတွက် ပြန်ကောက်ထားလိုက်တယ်။

ဝမ်ကျင်းက သစ်ရွက်ကိုထိဖို့အတွက် လက်ကိုဆန့်ထုတ်လိုက်တယ်။ သစ်ရွက်ရဲ့ တစ်ဖက်တည်းကို ဖြာထွက်နေတဲ့ အကြောမျှင်တစ်ချင်းစီတိုင်းကို လက်ချောင်းထိပ်လေးတွေကနေ ခံစားမိနေတယ်။

နေရောင်အောက်မှာ ကိုင်ထားကြည့်လိုက်ရင် အရွက်ကြောလေးတွေက ချည်မျှင်လေးတွေလို ပါးပါးလေးဖြစ်နေတာကို တွေ့ရတယ်။

ဒီပါးလွှာတဲ့ချည်မျှင်‌တွေက အကောင်းဆုံး အထည်ကုန်ကြမ်းတွေပဲ! ဒီသစ်ရွက်တွေရပြီး မကြာခင်မှာ အဝတ်အစားတွေ ဝတ်နိုင်တော့မယ်ဆိုတာ သူသိတယ်။ ဒါကြောင့် သူပြန်လာတုန်းက ကျွီကောအာဆီက အလျင်စလိုပြန်မတောင်းခဲ့ဘူး။

သုံးယောက်လုံး သူ့အဝတ်အစားတွေကို လုယူသွားခဲ့တာမှန်ပေမယ့် သူက အရမ်းအသန့်ကြိုက်တတ်ပါတယ်နော်။ သူများဝတ်ပြီးသားဟာကြီး ပြန်မဝတ်ချင်ပါဘူး။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now