Chapter ~ 20

562 82 5
                                    

Unicode

အိမ်ကြမ်းပြင်ပေါ်က သစ်သီးတွေကို ထည့်ဖို့ နွယ်ပင်တွေနဲ့ ခြင်းယက်နေတယ်။ ဝမ်ကျင်းက ဘေးမှကြည့်နေရင်း တဖြည်းဖြည်းအနားကပ်လာတယ်။ အချောသပ်ထားသော နွယ်ပင်တွေက ခဏအတွင်း ယွမ်ဟန်၏လက်ထဲတွင် မြက်ခြင်းတောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုခြင်းတောင်းသည် ဝမ်ကျင်း ယခင်ဘဝက ဝါးခြင်းတောင်းကဲ့သို့  ခိုင်မာခြင်းမရှိပေမယ့် သုံးဖို့အတွက်တော့ လိုတာထက် ပိုနေပါသေးတယ်။ ဝါးခြင်းတောင်းကို တွေးကြည့်ရင်း ဝမ်ကျင်းက ဒီကမ္ဘာမှာ ထမင်းစားတူလို အသုံးအဆောင်တွေ မရှိဘူးဆိုတာ သတိရလိုက်တယ်။

ပစ္စည်းတွေအတော်များများလုပ်ဖို့အတွက် သစ်သားက တကယ်အသုံးဝင်တယ်။

ဝမ်ကျင်းက သူ့လက်ကို ဆန့်ထုတ်ပြီး ယွမ်ဟန်ရဲ့အဝတ်စကို ဆွဲလိုက်တယ်။ ယွမ်ဟန်ခေါင်းလှည့် ကြည့်လာ တော့ မထုံထတ်တေးနဲ့မေးလိုက်တယ်။

" လက်သမားအတတ်ပညာဆိုတာ ကိုသိလား "

" လက်သမားအတတ်ပညာ? " နောက်ထပ်စကားလုံးအဆန်းလား။

ယွမ်ဟန်က သူ့လက်ထဲက ပစ္စည်းတွေကို ချလိုက်ပြီး ဝမ်ကျင်းဆက်ပြောတာကို စိတ်ဝင်စားစွာ နားထောင်နေတယ်။

" ပန်းကန်လုံး၊ ထမင်းစားတူ၊ ဗီဒို၊ ကုတင် လိုပစ္စည်းတွေလုပ်ဖို့ သစ်သားကို သုံးရတာ. "

သစ်သားနဲ့ ကုတင်တွေ၊ပန်းကန်တွေ လုပ်တာလား?

" ဒါပထမဆုံးအကြိမ် ကြားဖူးတာပဲ "

ဝမ်ကျင်းက ဒါကိုကြားတော့ လုံးဝမအံ့သြဘူး. ယွမ်ဟန့်အိမ်မှာ သစ်သားတစ်စမျှမရှိပေ။ ပစ္စည်းအများစုက ကျောက်တုံးတွေနဲ့ လုပ်ထားတာဖြစ်ပြီးတော့ ကြွေထည်တချို့တစ်လေသာရှိတယ်။ အိမ်တောင်မှ ကျောက်တုံးတွေနဲ့ ဆောက်ထားခြင်းဖြစ်တယ်။

ဝမ်ကျင်းက '' ဒီမှာသစ်ပင်တွေ အများကြီးရှိတာကို ဘာလို့မသုံးကြတာလဲ။ ''

ယွမ်ဟန်က သူပြောသည်ကို သိပ်နားမလည်ပေ။ ဝမ်ကျင်းက ဒါကိုမြင်တော့ ကျောက်တုံးသေးသေးတစ်ခုကို ကောက်ယူကာ ယွမ်ဟန်ကို ပြဖို့ ပစ္စည်းပုံစံတချို့ကို မြေပြင်ပေါ်တွင် ရေးဆွဲပြခဲ့ပေမယ့် ထိုလူက နားမလည်သေးပေ။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Onde histórias criam vida. Descubra agora