Chapter ~ 10

1.4K 264 4
                                    

Unicode

သူတို့နောက်မှာတော့ အလွန့် အလွန်ကိုလှတဲ့ ကောတစ်ယောက်ရှိနေတယ်။ သူက ယွမ်ဟန်ကိုတွေ့တာနဲ့ အံဩသွားပြီး ရှေ့ကိုလျောက်လာကာ

" အကိုဟန်.."

အသံကြားလိုက်တာနဲ့ ဝမ်ကျင်းက သူဘယ်သူလဲဆိုတာသိသွားသည်။ ' အားယွဲ့ ' ယွမ်ဟန်ကိုကြိုက်နေတဲ့ မျိုးနွယ်စုထဲက အလှလေးဆိုတဲ့တစ်ယောက်။

ဝမ်ကျင်းက အရင်ဘဝက ယောင်္ကျားလေးရော မိန်းကလေးရောအလှလေးပေါင်းမြောက်များစွာကို တွေ့ဖူးခဲ့ပြီးဖြစ်သည်။ သူ့ရဲ့ ရည်ရွယ်ချက်ကြောင့် အားယွဲ့က သိပ်မလှပေမယ့် တခြားသူတွေထက်တော့ အတော်လေးဆွဲဆောင်မှု့ ရှိလှသည်။

တစ်ချက်ကြည့်ပြီးတော့ သူ့ကို စိတ်မဝင်စားတော့ပဲ ကျန်တဲ့သုံးယောက်ကို လှည့်ကြည့်လိုက်သည်။

အားကျွီတို့သုံးယောက် အပြင်ထွက်လာချိန်မှာ အားမုနဲ့ဝမ်ကျင်းအပြင် ယွမ်ဟန်နဲ့ လိုင်ယွမ်ကိုပါတွေ့လိုက်တော့ သူတို့မျက်နှာတွေက သွေးမရှိတော့သလိုဖြူဆုတ်သွားခဲ့သည်။ သို့သေည် တစ်ခဏအတွင်းမှာပဲ သူတို့မျက်နှာတွေက အပြစ်ရှိနေရမယ့်အစား မောက်မာမှု့အပြည့်ဖြစ်သွားခဲ့သည်။

သူတို့အတွေးထဲမှာ ယွမ်ဟန်က အရူးတစ်ယောက်အတွက် အရပ်တည်ပေးလောက်ဘူးလို့ထင်နေခဲ့သည်။ ခြေခွင်ကောင်အတွက်ကတော့သူ့ ယောင်္ကျားက အဖြစ်မှမရှိတာ ဘာကြောက်စရာရှိလဲ။
( t.n / ရွံစရာလေးတွေကွယ် )

သူတို့ပုံစံတွေတွေ့လိုက်တော့ ဝမ်ကျင်းအလွန်ဒေါသထွက်လာသည်။ ယွမ်ဟန့် လက်တွေကိုခြေသလုံးနဲ့ တဆတ်ဆတ်ထိလိုက်ပြီး သူတို့သုံးယောက်ကို လက်ညှိုးထိုးကာ

" ရိုက်ရိုက်၊ သူတို့ကိုရိုက် "

အရူးလေးက သူ့ကျောပေါ်ကနေပြီး သူ့ခန္ဓာကိုယ်သေးသေးလေးကို လူးလွန့်နေခဲ့သည်။ လှုပ်ယွလွန်းလို့ ပြုတ်ကျသွားမှာစိုးရိမ်တဲ့အတွက် ယွမ်ဟန်က သူ့ လကိတွေကိုတင်းကြပ်လိုက်သည်။

သူတို့ သုံးယောက်က ဒါကိုကြားတော့ မျက်နှာတွေပျက်ယွင်းသွားပြီး အားကျွီက ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now