Unicode
ဝမ်ကျင်းအံ့ဩသွားပြီး အိမ်ထဲမှာ ယောင်နနနဲ့ ပတ်ရှာနေခဲ့သော်လည်း ယွမ်ဟန်ကိုတော့ ရှာမတွေ့ပေ။
သူအိမ်ထဲက ထွက်ကြည့်လိုက်တဲ့အခါမှာတော့ ကောင်းကင်က အလင်းမဲ့နေပြီး ပတ်ဝန်းကျင်က ပိန်းပိန်းပိတ်မှောင်နေလေပြီ။ ဝမ်ကျင်း အရှေ့ကို ဆက်သွားချင်ခဲ့ပေမယ့် သူ့အရှေ့က အမှောင်ရိပ်ထဲမှာ မကောင်းဆိုးဝါး၊ တစ္ဆေသရဲ တစ်ခုခုက ပုန်းအောင်းနေပြီး သူရှေ့ကို တစ်ချက်လှမ်းလိုက်တာနဲ့ ကမ္ဘာမြေ အနက်ရှိုင်းဆုံးနေရာထိ လှမ်းဆွဲဖို့ စောင့်ဆိုင်းနေသလို ခံစားလိုက်ရတယ်။ ဝမ်ကျင်း ကိုယ့်အတွေးနဲ့ကိုယ်လန့်ဖြန့်ပြီး တစ်ကိုယ်လုံး တုန်ယင်အေးစက်လာကာ သူ့ကိုယ်သူ ကျစ်နေအောင် ပွေ့ဖက်ထားလိုက်တယ်။ အရင်ဘဝတုန်းက ညဘက် အပြင်ထွက်ချိန်တိုင်းမှာ မီးအိမ်ကိုင်အစေခံတွေ ရှိတာကြောင့် အမှောင်ထုဆိုတာ သူအတွက်တော့ ပုံပြင်တစ်ခုသာပင်။ ဝမ်ကျင်းက လှမ်းထားတဲ့ သူ့ခြေလှမ်းသူ ပြန်ရုတ်သိမ်းလိုက်တယ်။
ထားလိုက်တော့။ အိမ်ထဲကနေပဲ အဲ့လူကို စောင့်တော့မယ်။
ဝမ်ကျင်းတစ်ယောက် အိပ်ရာပေါ်မှာ အချိန်အတော်ကြာ လူးလှိမ့်နေခဲ့ပြီး နောက်ဆုံးမှာတော့ အိပ်မောကျသွားလေတယ်။ ဒါပေမယ့် အနားမှာ ရှိနေကျလူမရှိတာကြောင့် ဝမ်ကျင်း ကောင်းကောင်းအိပ်မပျော်နိုင်ပေ။ နိုးတဝက် အိပ်တဝက်ညကို ကျော်ဖြတ်ပြီးနောက် သူထလာတဲ့အချိန်မှာ အားအင်ကုန်ခမ်းနေသလိုခံစားလိုက်ရတယ်။ ထို့နောက် မျက်လုံးတွေက အလိုလို ယွမ်ဟန်ကို ရှာနေခဲ့တယ်။
သူမနေ့ညက ရေချိုးပြီး ရှုပ်ပွနေတဲ့ အမှိုက်တွေကို ရှင်းပြီးသားဖြစ်နေပေမယ့် အိမ်ထဲမှာ ဘယ်သူမှမရှိနေခဲ့ဘူး။ ဝမ်ကျင်းအိပ်ရာပေါ်ကနေဆင်းပြီး အပြင်မှာရှာဖို့ ပြေးထွက်လိုက်တယ်။ မုကောအာက အပြင်ဘက်ဧည့်ခန်းမှာထိုင်နေပြီး ရက်ကန်းစင်မှာ ယက်နေခဲ့တယ်။ မနေ့ကထက် အထည်တွေ အများကြီးတောင်ယက်ထားပြီးနေခဲ့ပြီ။ ဝမ်ကျင်းနိုးလာတာကိုမြင်တော့ အားမုက ဝမ်းသာအားရ နှုတ်ဆက်လာသည်။
" အားကျင်း နိုးလာပြီလား၊ လာကြည့်ပါဦး ရက်ကန်း မြန်အောင်ဘယ်လိုယက်ရမလဲ သိသွားပြီ "
YOU ARE READING
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
RomanceName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra