Chapter ~ 17

1.1K 213 10
                                    

Unicode

"ဟုတ်ပါတယ် အဲဒါက အရမ်းကွာခြားတယ်!"

ဝမ်ကျင်းလို အရူးတစ်ယောက်က ဒီလိုစမေးလာမယ့်လို့ မထင်ထားတာကြောင့် ရှောင်ရော့လန့်သွားပေမယ့် သူက သေချာတိကျစွာဖြေကြားပေးခဲ့သည်။

" ယွမ်ဟန်ကောက ရှေးဟောင်း တောင်ပံဖြူကျားမျိုးနွယ်ကလေ။ သူတို့က မျိုးဆက်သိပ်မရှိဘူး။ မျိုးပွားရခက်ခဲတယ်လို့ကြားတယ်။ အဲ့တာကြောင့် သူတို့က ရှားပါးမျိုးနွယ်တွေပဲ။ ငါတို့က သာမာန်ကျားသားရဲမျိုးနွယ်တွေပဲလေ။ ကွာခြားတာအသိသာကြီးပါ။ မင်းပြောနိုင်တယ်မလား "

သူကပြောရင်းနဲ့‌ပြုံးလိုက်ပြီး လိုင်ယွမ်ကို တံတောင်နဲ့ တွတ်လိုက်ကာ

" ယွမ်ဟန်ကောပေါ်လာတုန်းက ငါတို့အကုန် ‌အတော်လေးလန့်သွားကြတာ။ ငါတို့တစ်သက်မှာ ရှေး ဟောင်းတောင်ပံဖြူကျားသားရဲမျိုးနွယ်ကို တွေ့ဖို့ လုံးဝမမျှော်လင့်ထားဘူး။ "

" ဟုတ်တယ် " လိုင်ယွမ်က ရိုးသားတဲ့မျက်နှာနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သဘောတူလိုက်သည်။

" အစတုန်းက ငါတို့မျိုးနွယ်စု ရေကြီးမှုကြောင့် အကုန်သေတော့မယ်ဗလို့ထင်တာ ယွမ်ဟန်ကောက ငါတို့ကို ကယ်ပေးပြီး ဒီမှာ အခြေချဖို့ကူညီပေးခဲ့တာ "

အမုကလည်းစကား ချီလာပြန်တယ်

" အားကျင်း အခုငါတို့ဘဝက တည်ငြိမ်‌အေးချမ်းနေပြီ၊ အရင်က ငါတို့မျိုးနွယ်စုတွေက နေရာအတည်တကျမသတ်မှတ်ထားတဲ့တောနက်ကြီးထဲမှာ နေခဲ့ကြရတယ်။ အချိန်နဲ့အမျှ အန္တရာယ်တွေက ငါတို့အသက်တွေကို ခြိမ်း‌ခြောက်နေခဲ့တာ။ ငါတို့တွေအန္တရာယ်တွေရဲ့အလယ်မှာ‌နေနေကြရပေမယ့် ငါတို့တွေက အန္တရာယ်တွေရဲ့ အလယ်မှာ ရှိနေမှန်းမသိခဲ့ကြဘူး။ သိတဲ့အချိန်မှာ သောင်ူချီတဲ့ သားရဲတိရိစ္ဆာန်တွေက ငါတို့နဲ့ မီတာရာဂဏန်းလောက်ပဲကွာတော့တယ်။ "

" ဟုတ်တယ် အဲ့တုန်းက ငါတကယ်သေတော့မယ်ထင်ခဲ့တာ "

ရှောင်ရော့ကဝင်ပြောလိုက်တယ်။

" အဆုံးမှာတော့ ယွမ်ဟန်ကောက ကောင်းကင်က ပျံဆင်းလာပြီး သူ့နောက်ကို လိုက်ခဲ့ဖို့ လူတိုင်းကို ပြောခဲ့တာ။ သူ့အရှိန်အဝါရယ်သူ့ရဲ့ ထူးခြားတဲ့သားရဲသဏ္ဍာန်ရာ်ကြောင့် သူ့စကားကို သူ့အလိုလို နားထောင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ဒီနေရာကို ရောက်လာကြတာ။ ကံကောင်းလို့ နားထောင်ခဲ့မိတာပေါ့ မဟုတ်လို့ကတော့ အစောကြီးတည်းက အရိုးဆွေးနေလောက်ပြီ "

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now