Unicode
အားလုံးထွက်သွားပြီးနောက် ယွမ်ဟန်က ဝမ်ကျင်းရှေ့မှာ ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ထပ်မံစစ်ဆေးတော့ သည်။ ခန္ဓာကိုယ်တခုလုံးကို ဆေးအနှစ်တွေ အများကြီး လိမ်းပေးခဲ့သည်။
အချို့သော ပွန်းပဲ့ဒဏ်ရာများသည် အဖြူရောင်အသားပေါ်မှာ နေရာယူထားကာ ဒဏ်ရာဟောင်းများ မပျောက်သေးဘဲ ဒဏ်ရာအသစ်များ ထပ်မံရခဲ့သည်။ မြင်ရတိုင်း ယွမ်ဟန် ရင်နာနေရသည်။ ယွမ်ဟန်က နွေးထွေးတဲ့ လေသံနဲ့ မေးလိုက်တယ်
" နာနေသေးလား "
ဝမ်ကျင်းအံ့အားသင့်သွားပြီး ယွမ်ဟန့်အကြည့်အတိုင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကိုကြည့်လိုက်သည်။
တကယ်တော့ အိပ်မက်ထဲမှာ လက်ဖက်ရည်တစ်ခွက်သောက်ပြီး အိပ်ရာက နိုးလာကတည်းက ဝမ်ကျင်းရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေက ဒဏ်ရာတွေက ခဏတာသာ နာကျင်ကိုက်ခဲပြီး မြန်မြန်သက်သာသွားတော့သည်။ ဒီတစ်ခါလည်း နိုးနိုးချင်းတော့ နာကျင်ပေမယ့် နာကျင်မှုက ပျောက်ဖို့ အချိန်သိပ်မကြာပါဘူး။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ယခုအခါ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေပေမယ့် ခန္ဓာကိုယ်ကို မထိခိုက်ပေ။
ဝမ်ကျင်းစကားပြောခါနီးမှာ ယွမ်ဟန်၏ စိုးရိမ်သော အကြည့်ကို သူ့မျက်လုံးထောင့်မှ မြင်လိုက်ရတာကြောင့်၊ သူ့ပါးစပ်ဖျားက "အဆင်ပြေတယ်" က ညုတုတုအသံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"နာတယ်၊ အရမ်းနာတယ် "
ချိုမြိန်သောအသံက ပျားရည်ဓားသွားလို ယွမ်ဟန်၏နှလုံးသားထဲသို့ ချက်ခြင်းထိုးဖောက်သွားတော့သည်။
ယွမ်ဟန်၏ နှလုံးသား နာကျင်သွားပြီး အပြစ်ရှိသလိုခံစားရကာ အသက်ရှူမဝ ဖြစ်လာတော့သည်။ သူ့အသံက တိုးညှင်းသွားပြီး
"...တောင်းပန်ပါတယ်၊ မင်းကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ဘူး"
ဝမ်ကျင်းရဲ့ ရှုထောင့်ကနေကြည့်ရင် သူ့ရဲ့ ဒဏ်ရာကို ကြည့်ရင်း စိတ်ဆင်းရဲနေတဲ့ ယွမ်ဟန်ရဲ့အမူအရာကို မြင်လိုက်ရသည်။ဝမ်ကျင်းရဲ့ နှလုံးခုန်သံသည် သူ့နှလုံးသားထဲတွင် ယုန်တစ်ကောင်ဝင်ခုန်နေသလို ဗြောင်းဆန်သွားတော့လေသည်။

YOU ARE READING
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
RomanceName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra