Chapter ~ 8

1.3K 275 3
                                    

Unicode

" ဟုတ်တယ်၊ ဒါ မင်းနဲ့ဘာမှမဆိုင်ဘူး!"
သူ့နောက်ကလူတစ်ယောက်က လိုက်ပြောတယ်။

တခြားလူက ရှေ့ကို လှမ်းကာ အားမု ကို တွန်းလိုက်ပြီး

" ခြေခွင်ကောင်၊ ဒီက ထွက်သွား "

အားမု ရဲ့ခြေထောက်ကစောင်းနေတဲ့အတွက် တွန်းခံရခြင်းကြောင့် တုန်တုန်ယင်ယင်နှင့် လဲကျလုနီးပါးပင်

ဝမ်ကျင်းက မျက်မှောင်ကြုတ်ပြီး သူ့ကို ကူညီဖို့ ရှေ့ကို တိုးလာခဲ့တယ်။

အားမုက ဝမ်ကျင်းရှေ့မှာ ကမန်းကတန်း မတ်တပ်ရပ်လိုက်ပြီး

"အဝေးကြီး မသွားနဲ့!"

သူတို့သုံးယောက်သည် အားမုနောက်တွင်ရှိနေသည့် ဝမ်ကျင်း ကို လှောင်ပြောင်တဲ့အမူအရာဖြင့် ကြည့်ကာ

" အဝေးကြီးသွားတော့ဘာဖြစ်မှာလဲ "

"..."

အားမု ၏မျက်နှာမှာ နီမြန်းနေပြီး နှုတ်ခမ်းများ တုန်ယင်နေသော်လည်း သူသည် အလွန်ရိုးအသဖြင့် ချေပရန် စကားလုံးရှာမတွေ့တော့ဘဲ သူ့တစ်ကိုယ်လုံး ဒေါသများဖြင့် တုန်ခါနေရတယ်။

ဝမ်ကျင်းက ဒီလူသုံးယောက်ကို မြင်ပြီးကတည်းက မူလကိုယ် ခံစားခဲ့ရသည့် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှု များသည် သူ့စိတ်ထဲတွင် ဆက်လက်ပေါ်လာနေတယ်။ထိုလူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဝမ်ကျင်းခန္ဓာကိုယ်တွင် ကျန်ရှိနေသော မူလကိုယ်၏အသိစိတ်ကနိုးလာပြီး ၎င်းသည် ဝမ်ကျင်းကို လွှမ်းမိုးသွားကာ ထိုသူတို့ကို ဆွဲဖြဲပစ်ချင်ခဲ့တယ်။

ဝမ်ကျင်း ထိန်းမနိုင်သိမ်းမရ ရုန်းကန်လာပြီး သူ့မျက်လုံးများ တဖြည်းဖြည်းနီလာကာ အသက်ရှုကြပ်လာတယ်။

အားကျွီက ဝမ်ကျင်း၏ပုံစံကို မြင်လိုက်တဲ့အခါ သုံးယောက်သား အေးစက်စွာ အော်ဟစ်လိုက်တယ်။

"ဟေး၊ အရူးကောင်က တစ်ယောက်ယောက်ကို ထပ်ရိုက်ချင်နေတာလား။"

"လာလေ~"

ထိုလူက သူ့ဘေးနားရှိ ညီအစ်ကိုနှစ်ယောက်ကိုကြည့်ကာ

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now