Unicode
သူတို့သုံးယောက်သား သူတို့ရဲ့ကောတွေ တစ်ခုခုပြောထွက်လာမည်လို့ မျှော်လင့်ပြီး ကြည့်လိုက်သည်။ ဒါပေမယ့် သူတို့ရဲ့ ကောကိုယ်စီက ဒဏ်ရာတွေရှိနေတာကို တွေ့လိုက်ရသည်။
သူတို့သုံးဦးက ကောသုံးယောက်ဆီ လမ်းလျောက်သွားပြီး ခပ်တိုးတိုး မေးလိုက်ကြသော်လည်း ကောသုံးယောက်က နှုတ်ဆိတ်နေကြသည်။ နောက်ဆုံးမှာတော့ အားကျွီက မေးခွန်းတွေကြောင့် စိတ်ရှုပ်လာပြီး ဖြေလိုက်တော့သည်။
"ငါတို့... အားကျင်း၊ အားမုတို့ စိတ်မချမ်းသာအောင်လုပ်မိလို့ "
စိတ်မချမ်းသာအောင်ပေါ့...ဟ!!!
ယွမ်ဟန်က တစ်ချက်ရယ်လိုက်ပြီး အမောဖြေဖို့တောင် အချိန်မပေးပဲ သားရဲအသွင်ပြောင်းကာ ရုတ်တရက် သူတို့သုံးဦးကို တိုက်ခိုက်ခဲ့သည်။
ဒါက စိတ်လှုပ်ရှားစရာနတ္တိဖြစ်သောပြိုင်ပွဲတစ်ခုပင်။
တစ်ယောက်ချင်းတစ်ယောက် ပြိုင်ဖို့မပြောနဲ့ သုံးယောက်တစ်ယောက်တောင် မယှဥ်နိုင်ဘူး။ သူတို့သုံးယောက်လုံးက ယွမ်ဟန်ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ပေ။
ဝမ်ကျင်း ပထမတော့ နည်းနည်းလန့်သွားခဲ့သည်။ ရုတ်တရက် ယွမ်ဟန်က ကျားဖြူတစ်ကောင် ဖြစ်သွားပြီး ကျန်သုံးဦးမှာ အဝါရောင် အစင်းကြောင်းများ ရှိသော ကျားများဖြစ်သွားကြသည်။ ခြံထဲမှာ ချက်ချင်း ကျားလေးကောင်ပေါ်လာကြသလိုပင်။ ဤသားရဲများသည် အသိဉာဏ်ရှိပြီး ဆင်ခြင်တတ်သူများဖြစ်ကြောင်း သူသိသော်လည်း ဝမ်ကျင်း အနည်းငယ်တေယ့ ထိတ်လန့်နေသေးသည်။
သူ့သိထားတာက ကျားတွေက လူသားစားတယ်မလား။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးမှာတော့ ယွမ်ဟန်က ထိုသူသုံးယောက်ကို တိရိစ္ဆာန်ပုံမှ လူပုံပြောင်းသည်အထိ ရိုက်နှက်ပြီး လူပုံမှ တိရိစ္ဆာန်ပုံသို့ ထပ်ပြောင်းသည်အထိ ရိုက်နှက်ပြန်သည်။ သူတို့ နှာခေါင်းများမှ သွေးများယိုစီးကာ မျက်နှာများ ရောင်ရမ်းပြီး အလောင်းကောင်လို ဖောသွပ်ကာ သွေးများနှင့်စွန်းထင်းနေ သည်။
![](https://img.wattpad.com/cover/353459914-288-k150803.jpg)
YOU ARE READING
အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]
RomanceName - Rebirth of Crazy Ger Status - Completed Chapter - 177+1 extra