Chapter ~ 3

1.7K 298 2
                                    

Unicode

ဝမ်ကျင်းက သူ့ရှေ့မှာ ရုတ်တရက် အရိပ်လိုပေါ်လာတဲ့ ထိုလူကို ကြည့်လိုက်တယ်။ ထိုလူက သူ့ခြေဖဝါးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ဖိနပ်ကို ကျွမ်းကျင်စွာ စနစ်တကျစီးပေးလိုက်တယ်။ ဒီလိုပြုစုပေးမှု့ကြောင့် ဝမ်ကျင်း သူ့အရင်ဘဝသခင်ငယ်လေးပြန်ဖြစ်သွားသလို ခနတာခံစားလိုက်ရတယ်။

သူ့အရင်ဘဝက အခိုင်းအစေတွေကို သူတို့ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ကာ ရွေးချယ်ခဲ့တာဖြစ်တယ်။ ဝမ်ကျင်း၏အိမ်တော်သို့ဖိတ်ခေါ်ခြင်းခံရတဲ့ ဧည့်သည်ကလည်း ချောမောတဲ့ အမျိုးသားတွေပဲ..။

' ဒါပေမယ့် ဒီလူ... '

ဝမ်ကျင်းသည် သူ့(ယွမ်ဟန်)မျက်လုံးများကို ငုံ့ကြည့်ကာ သူ့မျက်နှာပေါ်ရှိ အမာရွတ်ကို ပွတ်သပ်ရန် သူ့(ဝမ်ကျင်း)လက်ကို ဆန့်လိုက်သည်။ ဒီအခိုက်အတန့်တွင် သူဟာထိုသခင်လေးမဟုတ်တော့ကြောင်း ထိုလူ့မျက်နှာပေါ်ရှိအမာရွတ်က သတိပေးနေသလို ခံစားရတယ်။ဝမ်ကျင်းနှုတ်ခမ်းတွေက ကော့တက်သွားပြီး အမာရွတ်ကိုကြည့်ရင်း သူမျက်လုံးထဲမှာ နာကျင်မှု့ကိုခံစားလိုက်ရတယ်။

ဝမ်ကျင်းက အမာရွတ်ကို အပြန်ပြန်အလှန်လှန် ပွတ်သပ်လိုက်တယ်။ သူ့ရဲ့လက်ချောင်းတွေက နွေဦးမှာရွာတဲ့ မိုးရေစက်တွေလို ယွမ်ဟန်မျက်နှာပေါ်ကို ကျဆင်းသွားပုံ နူးညံ့သိမ်မွေ့လွန်းတယ်။

' မင်းလက်တွေကဘာလို့အဲ့လောက်နူးညံ့တာလဲ '

ယွမ်ဟန်ဟာ ရန်သူနှင့်ရင်ဆိုင်ရသလိုမျိုး မလှုပ်ရှားနိုင်ပဲ အေးခဲသွားသည်။ ဝမ်ကျင်းသည် ကြမ်းတမ်းခက်ထန်သော အမာရွတ်ကို ထိလိုက်ကာ ထိုလူ၏ ချောမောသော မျက်နှာကို ကြည့်ရင်း အတွေးတစ်ခု ဝင်လာတယ်။ ဒီအမာရွတ်ကိုသေချာကုသနိုင်ရင် ဒီလူက သူအရင်ဖိတ်ထားတဲ့ ဧည့်သည်တွေထက်တောင် ပိုချောနိုင်တယ်။

အရင်ဘဝက ဝမ်ကျင်းက မကြာခဏဆိုသလို မတော်တဆဒဏ်ရာရတတ်တယ်။ ဝမ်အိမ်တော်က သမားတော်က သူ့အမာရွတ်တွေပျောက်ကင်းဖို့အတွက် ဖော်စပ်ပေးထားတဲ့ " ပိရှန်းလိမ်းဆေး " ခေါ်တဲ့ဆေးတစ်မျိုးကို သူနှင့်အတူ သွားလေရာ ဆောင်သွားတတ်တယ်။ 

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Donde viven las historias. Descúbrelo ahora