Chapter ~ 15

1.3K 247 2
                                    

Unicode

ဝမ်ကျင်း ခဏလောက်တော့ အံ့အားသင့်သွားသည်။ သူ့အရင် ဇိမ်ခံခဲ့ရတဲ့သခင်လေးဘဝက စိတ်ထဲရောက်လာပြီး ယွမ်ဟန်ကို မှင်တက်စွာ ကြည့်နေမိသည်။ဒါက ဝမ်ကျင်းကို အနည်းငယ် သတိပေးလိုက်သလိုပင်...။  ဘာပဲဖြစ်ဖြစ် သူက ဒီလောကကို လူသေလိုဘာမှမပါပဲ ရောက်လာတာပဲမလား။

သူ့ရှေ့က အရူးလေး မျက်လုံးတွေက ရှောင်နေပြီး သူ့နှုတ်ခမ်းလေးတွေက ဖွင့်လိုက် ပိတ်လိုက်နဲ့ ပြောတော့မလို မပြောတော့မလိုဖြစ်နေတယ်။  ယွမ်ဟန်က သူ့စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး

" စားကြရအောင် " ဟုပြောလိုက်သည်။

အတိတ်မှာဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီကောင်လေးက အခုရော အနာဂတ်မှာပါ သူ့ရဲ့ လက်ထပ်ထားတဲ့ကောဖြစ်တယ်။

ဝမ်ကျင်းက လန့်ဖျပ်သွားပြီး ယွမ်ဟန် အသားတွေ ယူကာ အိမ်ရှေ့ခန်းဆီသို့ လျှောက်သွားတဲ့နောက်က ခြေလှမ်းသေးသေးလေးဖြင့် ကမန်းကတန်း လိုက်လာခဲ့သည်။

ဒီလူ ဒီတစ်ခါကြော်တာ နဲ့ပြုတ်တာ မဆိုးဘူး။ အသားပြုတ် အရသာက သိပ်တော့မဆိုးဘူး။ အသားကြော်ကတော့ စားလို့မကောင်းဘူး။  စွပ်ပြုတ်ဟင်းရည်က အသားတွေကို ရေထဲကိုထည့်ပြီး ကျိုထားတာဖြစ်သည်။ အရသာပေါ့ရွှတ်နေပေမယ့် အရင်အစားအစာတွေထက် များစွာကောင်းမွန်သည်။

ဝမ်ကျင်းလည်း အများကြီးစားနေတာကို ယွမ်ဟန်က ငြိမ်သက်စွာကြည့်ရင်း ဟင်းချက်နည်းတွေကို ပြန်တွေးကာ မှတ်သားနေခဲ့သည်။ ညစာစားပြီးတဲ့အချိန်မှာ ကောင်းကင်သည် တောက်ပနေသေးသောကြောင့် ယွမ်ဟန်က စပျစ်နွယ်ပင်ခြောက်များကို ကျောက်တုံးအိပ်ရာပေါ်တွင် တန်းစီဖြန့်ကာ ဒီနေ့ ရှောင်ရော့ ပေးလိုက်တဲ့ တိရစ္ဆာန်သားရေများကို အပေါ်တွင် ဖြန့်ခင်းလိုက်သည်။

ဒီတိရိစ္ဆာန်အရေခွံတွေကို  ရှောင်ရော့က သူ့အတွက်သန့်ရှင်းပေးပြီးသားဖြစ်လို့ တိုက်ရိုက်သုံးနိုင်သည်။

အားလုံးပြီးသွားပြီးနောက် ယွမ်ဟန်က ဝမ်ကျင်းကို လက်ယပ် ခေါ်ကာ လှဲအိပ်ကြည့်စေသည်။ ဝမ်ကျင်းလည်း လက်နှစ်ဖက်ထောက်ရင်း တက်လိုက်သည်။  ကျောက်တုံးအိပ်ရာသည်  အောက်ခံထားသည့်အမည်မသိအမွေးတွေကြောင့် အလွန်နူးညံ့နေသောကြောင့် အလွန်အဆင်ပြေသည်။

အရူးတစ်ယောက်ရဲ့ပြန်လည်မွေးဖွားခြင်း [ မြန်မာဘာသာပြန် ]Where stories live. Discover now