အပိုင်း (၁)
တောင်ကိုရီးယားဆိုလ်မြို့ရဲ့ ရာသီဥတုဟာခပ်အေးအေး " Vante Kim " လို့အမည်ရသော ပန်းချီပြခန်းလေးဟာ မီးတွေထိန်းလင်းလို့နေသည်။
ကြမ်းပြင်ဖြူထက်တွင် ဆေးစက်များဟာစင်နေပြီး ထိန်းလင်းနေသော မီးဆိုင်းအောက်မှာ 100လက်မ ဆိုဒ်ရှိသော ပန်းချီကားကို ရေးဆွဲနေသော အမျိုးသားတစ်ဦး၏ သွယ်လျသော လက်ချောင်းတို့မှာစုတ်တံထက်တွင် နေရာယူထားပြီး ပိတ်ကားဖြူ၌ချယ်လှယ်ရေးဆွဲနေလေသည်။
မဟော်ဂနီရောင် ရှိသော ဆံပင်တွေဟာဂုတ်ထောက်လုနီးပါးရှိနေပြီဖြစ်သောကြောင့် နောက်တွင် စုထုံးရစ်နှောင်ထားသော်လည်း ဆံနွယ်တွေမှာဟိုတစ်ဆ ဒီတစ်ဆကျနေပြန်သည်။ ရှည်လျားသောခြေတံရှည်တွေဟာ ထိုင်နေရင်းတောင် သိသာနေပြီး၊ ပြေပြစ်လှသော မျက်နှာအချိုးအစားဟာ သူရေးဆွဲနေသော ပန်းချီတွေ နှင့်ပင်တူသည်။
ထယ်ယောင်း ဆွဲလက်စ ပန်းချီအားရပ်လိုက်ကာ ဆေးပေနေသော လက်အား ဆေးကြောသန့်စင်လိုက်ပြီး ပြခန်းတွင်းရှိ မီးတွေ အားလုံးကို တစ်ချက်စစ်ကြည့်ပြီးမှ ပြန်ရန် လုံခြုံရေးဦးလေးကြီးအား သေချာမှာပြီးမှ ထွက်လာခဲ့သည်။
" ကျစ် "
စိတ်ရှုပ်မိသလို ငြီးတွားမိပြန်သည်။ ဒီနေ့လဲ သူ့ပြခန်းရှေ့မှာ ရပ်စောင့်နေသော ဒီကောင်လေး။ ကားကိုမှီပြီး ဆေးလိပ်သောက်နေသောသူ တစ်ကိုယ်လုံးဟာ အနက်ရောင်အပြည့်နှင့်။ ဘာရယ်မဟုတ် ကြမ်းပြင်ပေါ် ကြည့်မိတော့ ဆေးလိပ်တိုစတွေကို တွေ့မိရသည် ဒါကြောင့်လဲ ဒီကောင်လေးနှုတ်ခမ်းတွေက ညိုစိမ့်စိမ့်ရောင်ဖြစ်နေတာ။ ကိုယ့်အလုပ်မဟုတ်သည်မို့ ကားရပ်ထားတဲ့ဆီကိုလှမ်းနေစဉ်
" ဟန်နီငယ် ...! "
" ငါ့ကို အဲလိုမခေါ်ဖို့ ပြောထားတယ်နော် "
" နေဦး... နေဦး..! ဟန်နီငယ် "
လက်ကောက်ဝတ်ကို ဖမ်းဆွဲခြင်းခံရသော အခါ ထယ်ယောင်း အကြည့်ခပ်စူးစူးဟာ သူ့ထံသို့ ဒိုင်းကနဲ ။
" ကျွန်တော် လာရပ်စောင့်နေတာ ညနေကတည်းက "
" ဘယ်သူက ရပ်စောင့်ခိုင်းလို့လဲ ဖယ်!"
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "