အပိုင်း(၁၉)
" မင်းဘာလိုချင်တာလဲ အီချယ်ဝွန်း "
" ငါလိုချင်တာက မင်းနဲ့ခဏ အေးဆေးစကားပြောချင်ရုံထယ်ယောင်း "
" ငါမင်းဆီမလာနိုင်ဘူးအီချယ်ဝွန်း ဒီထဲမှာပဲပြောလိုက် "
" ငါမင်းကိုဘာမှမလုပ်ဘူးထယ်ယောင်း နောက်ဆုံးအနေနဲ့မင်းကိုစကားလေးပြောချင်ရုံတင် မင်းမလာရင်တော့ ငါအာမခံဘူးနော် "
ထယ်ယောင်းအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး သူဆုံးဖြတ်ချက်တစ်ခုချဖို့လိုသည်။
" ငါလာခဲ့မယ် "
>>>>>>
<<<<<<" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ "
" သခင်လေး လေယာဉ်ပေါ်တက်ဖို့အချိန်ကြပြီ "
" အင်း ခဏလေးပဲ "
ဂျောင်ဂု လေယာဉ်ပေါ်မတက်ခင် ဟန်နီငယ့်ကိုစကားပြောချင်တာမို့ ဖုန်းခေါ်သော်လည်း မကိုင်တာကြောင့် ဆက်တိုက်ခေါ်နေမိသည်။
" ဟယ်လို! ဟန်နီငယ် ကျွန်တော်ပါ မင်းဘာဖြစ်လို့ "
" ဂျွန်ဂျောင်ဂု..."
တစ်ဖက်က အသံကြောင့် ဖုန်းကိုင်ထားတဲ့ဂျောင်ဂုလက်တွေတင်းကြပ်သွားပြီး မေးရိုးတင်းသွားသည်။
" မင်းဆီ ဘာဖြစ်လို့ ဖုန်းကရောက်နေရတာလဲ"
" ဖြေးဖြေးပေါ့ ဘာတွေလောနေတာလဲ "
" တောက်စ်! ခွေးမသား မင်းဘာစောက်ချိုး ချိုးတာလဲ ကင်မ်ထယ်ယောင်းကို ခုဖုန်းပေးလိုက် "
" ငါ ထယ်ယောင်းကိုဖုန်းပေးချင်ပါတယ် ဒါပေမဲ့ သူကအခုဖုန်းမကိုင်နိုင်ဘူးလေ၊ မင်းတွေ့ချင်ရင် လာခဲ့လေ ဂျွန်ဂျောင်ဂု..ငါတော့.."
" မလာနဲ့! ဂျောင်ဂု..!! "
" ဟယ်လို...! ဟန်နီငယ် ..ဟန်နီငယ်! "
" အို! အချစ်ငှက်လေးတွေ သိပ်ကြောက်နေကြတာပါလား၊ မင်းသိလားဂျောင်ဂု အခုထယ်ယောင်းမျက်ရည်တွေကျနေတဲ့ပုံကလေ ငါ့မျက်လုံးထဲသိပ်အရသာရှိတာပဲ "
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "