အပိုင်း(၄)
" မင်းသာ ဆန္ဒရှိမယ်ဆိုရင် ဒီကောင်က ဟန်နီငယ့် အတွက် ကိုကို ဖြစ်ပေးလို့ရတယ်နော်"
Shit...! ဂျွန်ဂျောင်ဂုတို့က အန္တရာယ်များလိုက်တာ ၊ စကားကိုဘယ်လိုပြောရမလဲဆိုတာ သူတအားတတ်လွန်းတယ်။ ဒီကောင် ရည်းစားမထားခဲ့ဘူးဆိုတာ ကျိန်ပြရင်တောင် မယုံဘူး..!!
" ရူးနေတာလား..! ငါ့ကိုလွှတ်ပေး
ဂျောင်ဂု "" ကျွန်တော် မင်းကိုဖမ်းထားတာမှ မဟုတ်တာ ဟန်နီငယ် "
" ဂျောင်ဂု..! မင်းအရူးကွက်တွေမနင်းနဲ့ ငါ့ကိုဖက်ထားတာလွှတ်ပေးလို့ပြောတာ ! "
" ကျွန်တော်မေးတာဖြေဦးလေ "
" ဘာ...ဘာကိုလဲ ၊ ငါကဘာကိုဖြေရမှာလဲ "
" ကျွန်တော် မင်းရဲ့ ကိုကိုဖြစ်ခွင့်ရှိမလား "
" ဂျွန်ဂျောင်ဂု...!! "
" ဟား...ဘာလေးလဲကွာ ဟန်နီငယ် မင်းဟာလေ ...ဘာကြောင့်များဒီလောက်ထိချစ်ဖို့ကောင်းလွန်းနေရတာလဲ ကျွန်တော် မင်းကိုဆွဲနမ်းချင်လိုက်တာဗျာ "
" မင်းနော်...လွှတ်ပေး ငါ့ကိုအခု..လွှတ်ပေး..!! "
" လွှတ်ပေးမယ် တအားမရုန်းနဲ့ ဟန်နီငယ် နာသွားလိမ့်မယ် "
ဂျောင်ဂု ပြောပြီး ထယ်ယောင်းကို လွှတ်ပေးလိုက်သည် ။ ထယ်ယောင်း မှာ ဂျောင်ဂု ကို အကြည့်စူးစူးကြည့်ပြီး....
" ငါမင်းကို လုံးဝ ပြန်မချစ်ဘူး ၊ လူကြီးကိုလေးစားမှုရှိရမယ်မှန်းလဲ မသိတဲ့ကောင်! "
" ဘယ်လို ? ဟန်နီငယ် မင်းကလေ ကျွန်တော့်ထက် ခြောက်နှစ်ကြီးတယ်ဆိုတာ အသက်ပဲရှိတယ် ကျန်တာတွေက ကျွန်တော့်ထက်ပိုပြီး ကလေးဆန်လွန်းတယ် ဆိုတာမင်းသိရဲ့လား "
" ငါ့ကို ဝေဖန်မနေနဲ့ ငါ့ဘာသာဘယ်လိုနေနေ မင်းလေးစားမှုဆိုတာရှိရမယ်လေ "
" ပြောပါဦး ကျွန်တော် မင်းကိုလေးစားဖို့ဘာတွေ လုပ်ရမလဲ "
ဂျောင်ဂုသည် လက်ကိုပိုက်ပြီး ထယ်ယောင်းအား ကြည့်လိုက်သည် ။ ထယ်ယောင်း ချောင်းတစ်ချက်ဟန့်လိုက်ရင်း ဆိုဖာပေါ်ကိုထိုင်ကာ..
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "