အပိုင်း (၆)
ထယ်ယောင်း မနက်ခင်းအိပ်ယာထပြီး အမြန်ပြင်ဆင်နေရသည် ။ LA မှာရှိတဲ့ သူ့မိဘတွေ ချက်ချင်းကြီး ဒီကိုပြန်လာတယ်ဆိုတာဖုန်းဆက်ပြောလို့ ထယ်ယောင်းအိမ်ကိုသွားရန်ပြင်ဆင်နေရသည်။
" အတွင်းရေးမှူးဟန် ငါဒီနေ့ အလုပ်လာတာ နောက်ကျမယ် "
အတွင်းရေးမှူးဟန်ဆီကို အကျိုးအကြောင်းဖုန်းဆက် ပြောပြီးတာနဲ့ ထယ်ယောင်း အိမ်ကိုတန်းမောင်းလာခဲ့ရသည်။ မရောက်ဖြစ်တာကြာနေပြီဖြစ်တဲ့ ဒီအသိုင်းဝိုင်း ..ဒီအိမ်ကို ထယ်ယောင်း ခုပြန်ရောက်လာရပြန်ပြီ ။ သုံးနှစ်လုံးလုံး သူပြန်မလာဖြစ်ခဲ့တဲ့အိမ်၊ သုံးနှစ်လုံးလုံး သူ့မိဘတွေနဲ့ မတွေ့ဘဲနေခဲ့တာ အနုပညာအလုပ်ကိုလုပ်ရဖို့ ထယ်ယောင်းမနည်း သတ္တိမွေးပြီး ထွက်လာခဲ့ရတာ ။ ခုပြန်လာတာ မေမေတို့ သားရည်မှန်းချက်တွေကို ဖျက်ဆီးဖို့မဟုတ်ဘူးမလား....။
" သခင်လေး "
အိမ်ထဲသို့ ဝင်ဝင်လာခြင်း မတွေ့ရတာကြာပြီဖြစ်တဲ့ အိမ်တော်ထိန်းရှင်း က ထယ်ယောင်းကို ဆီးကြိုသည်။
" မေမေတို့ရော "
" အပေါ်ထပ်က ဧည့်သည်ခန်းထဲမှာပါ သခင်လေး "
" ကျွန်တော် သွားလိုက်ဦးမယ် အဒေါ်ကြီးရှင်း "
" သခင်လေး အပြင်မှာနေရတာအဆင်ပြေရဲ့လား "
ငယ်ငယ်က မိဘတွေအချိန်မအားလပ်တိုင်း အဒေါ်ကြီးရှင်း နဲ့ပဲ အတူတူနေရသည်မို့ ကျွန်တော့် အပေါ် သားအရင်းတစ်ယောက်သဖွယ်စောင့်ရှောက်တတ်သည် ။ အခုလဲ မတွေ့ရတာကြာပြီဖြစ်တဲ့ ကျွန်တော့်အပေါ်ကိုစိတ်ပူနေပြန်ပြီ။
" ကျွန်တော် အဆင်ပြေပါတယ် အဒေါ်ကြီးရှင်း ရောနေကောင်းတယ်မလား "
" အေးကွယ် ကောင်းပါတယ် "
" ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်နော် "
ထယ်ယောင်း နှုတ်ဆက်ပြီးသည်နဲ့ အပေါ်ထပ်ကို သာတက်လာခဲ့လိုက်တော့သည် ။ ဧည့်သည်ခန်းထဲမှာ ထိုင်နေသော ဖေဖေ နဲ့ မေမေ ကိုမြင်သည်နဲ့ ထယ်ယောင်းခြေဖျား လက်ဖျားတွေဟာအေးစက်လာရသည်။
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "