အပိုင်း(၁၀)
မနက်ခင်းအိပ်ယာနိုးလာတော့ တင်းကြပ်စွာပွေ့ဖက်ထားတာကို ထယ်ယောင်းခံစားရသည် ။ သူ့ခါးအား တက်တူးအပြည့်ထိုးထားတဲ့ ၁၉နှစ်သား လက်က သန်မာစွာသိုင်းဖက်ထားတာကြောင့် ထယ်ယောင်းမလှုပ်ဘဲငြိမ်သက်နေမိသည် ။
နစ်မြုပ်နေမိတဲ့ ရင်ခွင်ကျယ်ကြီးထဲကနေ မော့ကြည့်တော့ အိပ်မောကျနေတဲ့ မျက်နှာအားထယ်ယောင်းတွေ့ရသည် ။ ဒီကောင်လေးနဲ့ အဖြစ်ပျက်အားလုံးက မြန်ဆန်လွန်းသည် ။ မချစ်ဘူး မဖြစ်နိုင်ဘူးလို့တွေးထားတဲ့အခြေနေတစ်ခုကနေ ဂျောင်ဂုဟာ သူ့နှလုံးသားထဲက နေရာတစ်ခုကိုရောက်နေခဲ့ပြီ ။
ရှေ့ဆက်ပြီး ထယ်ယောင်း ဘာတွေလုပ်ရဦးမလဲ ၊ မေမေ့ကိုတော့ ထယ်ယောင်းဘယ်လိုရင်ဆိုင်ရမလဲမတွေးမိသေးဘူး ဂျောင်ဂုကို သူစပြီးရွေးချယ်မိလိုက်တာမို့ မေမေနဲ့ သူ့သဘောဟာ ကွဲလွဲနေမယ်ဆိုတာသိတယ် ။ ဂျောင်ဂု အကြောင်းကရော သူ့ဘက်ကနေ ခုထိ ဘာမှသေချာရေရာ မသိရသေးဘူး မသိဆိုသလို သူကလည်း ဒီကောင်လေးပြောမဲ့အချိန်ကိုစောင့်နေတာ...ကိုယ့်ဘက်ကမေးလို့ဖြေတာထက် သူ့ဘက်က သူ့ဘဝအကြောင်းကိုပြောပြတာ ထယ်ယောင်းလိုချင်မိတာ ။ ရှေ့လျှောက် ထယ်ယောင်း ပင်ပန်းမှု့ဒဏ်တွေကိုကြိုမြင်နေမိသည်။
" ဟူးးးး...."
ထယ်ယောင်း အတွေးနယ်ချဲ့ရင်း စိတ်ရှုပ်စွာ သက်ပြင်းခပ်ယဲ့ယဲ့ချလိုက်သည်။
" ဘာတွေများဒီလောက်တွေးနေလို့ သက်ပြင်းချနေရတာလဲ ဟန်နီငယ် "
ဂျောင်ဂု အသံကြားမှ ထယ်ယောင်းအလန့်တကြား ပြန်မော့ကြည့်မိသည်။ အိပ်ယာထကာစ ဖြစ်နေတဲ့ သူ့ပုံစံဟာ ခါတိုင်းမြင်နေကြပုံနဲ့ကွဲထွက်ပြီး ကြည့်ကောင်းနေတုန်းပဲ ။ အထူးသဖြင့် ထယ်ယောင်းကိုကြည့်နေတဲ့ သူ့မျက်လုံးတွေဟာ ပြတ်သားသည် ။
" နိုးနေရင် ထတော့ "
" မထချင်သေးဘူး ဟန်နီငယ့်ကိုဖက်ထားချင်သေးတယ် "
" မင်းမထချင်ရင် ဖက်ထားဝာာလေးဖယ်ပေးဦး ငါ့ခါးကနာနေပြီ ဂျောင်ဂု "
ထယ်ယောင်း စကားကြောင့် တင်းကြပ်စွာသိုင်းဖက်ထားသော ဂျောင်ဂုလက်တွေမှာပြေလျော့သွားပြီး...
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "