အပိုင်း (၃)
ထယ်ယောင်း မျက်လုံးတွေကိုဖြေးညှင်းစွာဖွင့်လိုက်သည် ။ ပထမဆုံးမြင်ရသည်က မျက်နှာကျက်တစ်ခု ဘေးသို့ ခေါင်းဝေ့ပြီးကြည့်မိတော့ သူ့အခန်းထဲသို့ရောက်နေခြင်းပင်...
" ဟမ်..! ငါ ဘယ်လိုလုပ်အိမ်ရောက်နေတာလဲ "
ထယ်ယောင်း အလန့်တကြားနဲ့ ထထိုင်မိလိုက်သည် ။ သူ့နဖူးပေါ်ကနေ ကျလာသော ရေပတ်ဝတ်ပုဝါလေးတစ်ခုဟာ စောင်ပေါ်ပြုတ်ကျလာသည် ကိုတွေ့ရသည် ။ ဘေးနားမှာ ရေဇလုံတစ်ခုကိုလဲ တွေ့ရပြန်သည် ။ သူ လွန်ခဲ့တဲ့နာရီက ၁၉နှစ်သား ကားပေါ်မှာမလား.. ခုဘယ်လိုလုပ်အိမ်ရောက်လာတာလဲ ။
အခန်းထဲကနေ ထွက်လာတော့ အနံ့ခပ်မွှေးမွှေးကို ရလိုက်သည် ။ မီးဖိုခန်းဘက်ကို ထယ်ယောင်း လျှောက်လာတော့ ၁၉နှစ်သားနောက်ကျောကို တွေ့ရသည်။
" နိုးလာပြီလား ကျွန်တော် ဟန်နီငယ့် အတွက်ဆန်ပြုတ်လုပ်ထားတယ် "
ကျွန်တော့် အားလှည့်ကြည့်ပြီး အေးဆေးပြောလာသော ဂျောင်ဂု နေပါဦး..သူအိမ်ထဲကို ဘယ်လိုဝင်လာတာလဲ ။
" ဂျောင်ဂု မင်းတံခါးကိုဘယ်လိုဖွင့်တာလဲ..နေဦး...မင်းဘယ်လိုသိတာလဲ "
" ဟား...ကျွန်တော်ပြောပါတယ် မင်းနဲ့ပတ်သက်ရင် မသိတာဘာမှမရှိပါဘူးဆိုတာကို ဟန်နီငယ် ထားထားတဲ့ နံပါတ်က လွယ်လိုက်တာဗျာ..မွေးနေ့ကိုထားတာပဲ အများကြီးမစဉ်းစားလိုက်ရဘူး "
" ငါ့ဘာသာ ဘယ်လိုထားထားပေါ့...ငါ့ကိုနှိုးလိုက်ရင်ရတာပဲ ဘာလို့မနှိုးတာလဲ ခုကျ ပိုင်ဆိုးပိုင်နင်း သူများအိမ်ထဲကိုလဲဝင်တယ် ၊ မီးဖိုချောင်ကိုလဲသုံးတယ် ၁၉နှစ်သား မင်းတော်တော်တရားလွန်နေပြီနော် "
" ဒီမှာ ဆန်ပြုတ်ရပြီ... လာစား ဟန်နီငယ် "
ထယ်ယောင်း ဗိုက်ကလဲဆာနေပြီမို့ သူတင်ပေးထားသော ဆန်ပြုတ်ရှိရာဆီ ကိုသွားလိုက်သည် ။ ထိုင်ခုံကိုထုတ်ပေးပြီး ထယ်ယောင်းကိုထိုင်စေသည် ။ ဘေးနားက ထိုင်ခုံကိုပါ ထုတ်ပြီး သူပါအတူတူ ဝင်ထိုင်လိုက်သည်။
" ဟန်နီငယ့်ကို ကျွန်တော် နှိုးမယ်လုပ်တော့ အဖျားတွေတက်နေတယ် ၊ ဒါကြောင့် ကျွန်တော် မနှိုးတော့ဘဲ အိမ်ထဲကိုခေါ်လာလိုက်တာ ၊ ဟန်နီငယ် နိုးလာရင် စားရအောင်လို့ ခွင့်မတောင်းဘဲ ကျွန်တော်လုပ်လိုက်မိတာ စိတ်ဆိုးသွားတာလားဟင် "
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "