အပိုင်း(၁၁) Uni

1.9K 150 1
                                    

အပိုင်း(၁၁)

" ကျွန်တော် မင်းကိုပြန်လိုက်ပို့ပေးမယ်"

" မရဘူး ဂျောင်ဂု လေယာဉ်ပေါ်မှာကတည်းကငါမင်းကိုသေချာပြောပြပြီးသား"

ဂျောင်ဂုနဲ့သူ ကိုရီယားကိုပြန်လာခြင်းဖြစ်သည်။ အစက လေယာဉ်လက်မှတ်လှမ်းဖြတ်ဖို့လုပ်တော့ ဒီကောင်လေးကသူစီစဉ်ထားတယ်ပြောလို့အေးဆေးနေခဲ့တာ နောက်မှသူသိလိုက်ရတာ ၁၉နှစ်သားက ကိုယ်ပိုင်လေယာဉ်ကိုစီစဉ်ထားခဲ့ခြင်း။ အကြောင်းရင်းကတော့ နှစ်ယောက်သားအေးဆေးပြန်ချင်လို့တဲ့။

ကိုရီယားပြန်ရောက်တာနဲ့ ထယ်ယောင်း မေမေတို့ဆီကိုအရင်ပြန်ရမှာဖြစ်တာကြောင့် အတွင်းရေးမှူးဟန်ကို လာကြိုဖို့ဖုန်းဆက်ထားပြီးသား ဒါကိုလေယာဉ်ပေါ်မှာကတည်းကရစ်နေလို့ သေချာပြောပြပြီးတာကို ခုပြန်ရောက်တော့လိုက်ပို့မယ်တကဲကဲ ဒီကောင်လေးလုပ်နေတာ အရင်လိုကိုယ့်အိမ်ကိုယ်ပြန်ရင်တော့ ထယ်ယောင်းတားမနေဘူး ခုကမိဘအိမ်ကိုသွားရမှာမို့ပြောနေရခြင်းသာ။

" ကျွန်တော်က..."

" မောင့် ! "

" ဟားးး ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်အရှုံးပေးတယ် အိမ်ရောက်ရင်ဖုန်းဆက်ဟန်နီငယ် "

ဆက်ပြီးသူ ဒီလူကြီးလေးကိုပြောချင်နေသေးပေမဲ့ ခေါ်လိုက်တဲ့ နာမ်စားကြောင့် လူက ကင်မ်ထယ်ယောင်းအပေါ် ရှိသမျှအကုန်လိုက်လျောချင်မိတော့တာပဲ ...ဒီကောင့် အားနည်းချက်ကို ဟန်နီငယ်တို့က သိပ်သိတာ...

" အင်း ဟုတ်ပြီ ခုတော့ငါပြန်တော့မယ်"

" နေဦး ကျွန်တော့်ကိုဖက်သွားဦးဟန်နီငယ်"

ထယ်ယောင်း ခပ်ဟဟ ရယ်မောမိလိုက်ရင်း ဂျောင်ဂုကို ဖက်လိုက်တာနဲ့ သူ့ခါးမှာရစ်သိုင်းလာတဲ့ ၁၉နှစ်သားရဲ့တင်းကြပ်သောပွေ့ဖက်မှုများ....။

" ငါသွားတော့မယ် မဟုတ်လည်း တွေ့ရမဲ့သူတွေ ဂျောင်ဂု  "

ဒီလိုပြောတော့ စကားတတ်လှတဲ့ ၁၉နှစ်သားက ပြန်ပြောသေးသည် ။

" ကျွန်တော်မှ ဟန်နီငယ့် အနားကမခွဲချင်တော့တာကို " တဲ့ ဂျွန်ဂျောင်ဂုတို့က လူကိုစကားတွေနဲ့ချုပ်တတ်လိုက်တာ...

" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]Onde histórias criam vida. Descubra agora