အပိုင်း(၁၅)
ထယ်ယောင်း အိပ်ယာပေါ်မှာ သတိမေ့နေသော မေမေ့ကိုကြည့်ပြီး သက်ပြင်းချမိသည်။ ဘာတွေဖြစ်လာဦးမှာလဲ သတိရလာရင် သူမေမေနဲ့ဘယ်လိုရင်ဆိုင်ရမလဲ ဒီအတွေးကြောင့် အဖြေကမထွက်နိုင်သေးဘူး။
ပုံတွေကို ဆောင်းဟာရူရော တွေ့သွားပြီလား သူ့ကိုဘယ်လိုများထင်မလဲ ပြီးတော့ဖေဖေကရော သူ့ကိုဘာဆက်ပြောဦးမလဲ ထယ်ယောင်း အခုဒီအခြေနေတွေကို ဘယ်လိုကိုင်တွယ်ရမလဲကို သေချာမသိတော့ဘူး။
အစက ဂျောင်ဂုနဲ့အကြောင်းကို သူဖွင့်ပြောပြီး ဟာရူနဲ့အခြေနေကိုငြင်းဖို့ တွေးပြီးသား အချိန်မကျသေးလို့ သူအသိမပေးခဲ့တာ ခုတော့ သူဘာမှမတွေးရသေးခင် ဒီအကြောင်းကို မေမေသိသွားတော့ သူဘယ်လိုရှင်းပြရမလဲ။ အီချယ်ဝွန်း မင်းကငါ့အတွက်တကယ့်ကို အမှိုက်ပဲ!!
ထယ်ယောင်း သူ့အတွေးများမဆုံးခင် မေမေသတိပြန်ရလာတာကြောင့် အနားကိုပြေးသွားလိုက်ပြီးစိုးရိမ်တကြီးခေါ်လိုက်သည်။
" မေမေ "
သူခေါ်လိုက်သော်လည်း မေမေသည် သူ့အားမျက်လုံးစိမ်းများနဲ့ကြည့်ပြီး မျက်နှာကိုလွှဲသွားသည်။ ထယ်ယောင်း သူ့စိတ်ထဲဝမ်းနည်းသွားပေမဲ့ စိတ်ကိုအားတင်းကာ မေမေ့ ဘေးဝင်ထိုင်လိုက်သည်။
" မေမေ သားကိုကြည့်ပါ "
" ထွက်သွား! မေမေမင်းကိုမမြင်ချင်ဘူး "
မေမေ့ အသံတွေတုန်ယင်နေတာကိုထယ်ယောင်း ကောင်းကောင်းသိသည် ဒါပေမဲ့ သူဘယ်လိုလုပ်ရမလဲ ထိပ်တိုက်ရင်ဆိုင်လိုက်တာက ပိုကောင်းတယ်မလား။
" မဟုတ်ဘူး မေမေရယ် သားကိုကြည့်ပါ "
မေမေ့လက်ကို အုပ်မိုးကိုင်တော့ တွန်းထုတ်ပစ်ပြန်သည်။ မေမေသည် ဘာမှမပြောဘဲ ငိုနေသည်။
" မေမေ...မငိုပါနဲ့ သားသေချာရှင်းပြမယ်မေမေ တကယ်က "
" ထယ်ယောင်း မင်းကိုမေမေသိပ်ယုံကြည်ခဲ့တာ ...မေမေ့သားလေးကိုတော့...မေမေ..."
" သား တောင်းပန်ပါတယ် မေမေ သားလေ...သား..."
" မင်း ဆောင်းဟာရူနဲ့ အမြန်လက်ထပ်ဖို့လုပ်ရမယ် "
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "