အပိုင်း(၁၇) Uni

1.9K 169 14
                                    

အပိုင်း(၁၇)

တစ်နေ့တာလုံးအဆင်မပြေဘူး ချစ်ရဲ့သားနဲ့မဖြစ်နိုင်ဘူးဆိုတဲ့စိတ်ကြောင့် ဝေးရာကိုပြေးနေရတာကပိုအဆင်မပြေဘူး။ နာရီကြည့်တော့ ၁၂ထိုးနေပြီ ထယ်ယောင်းမအိပ်နိုင်ဘူး ဆောင်းရာသီရဲ့အအေးစပြုချိန်ကတအားကိုအေးတာ ဒါကို ဂျောင်ဂုက သူ့အိမ်ရှေ့မှာရပ်စောင့်နေတာလေ ဘယ်လောက်တောင်ခေါင်းမာလိုက်တဲ့ကလေးလဲ။

သွားပါတော့ ဂျောင်ဂုရယ် ငါ့စိတ်ကိုအတတ်နိုင်ဆုံးပြင်ဆင်ပြီး မင်းကိုတွန်းထုတ်နေရတာမို့ မင်းငါ့အနားကနေသွားပါတော့ကွာ ဆိုင်ကယ်ကိုမှီထားပြီး သူ့လက်တွေကိုအာငွေ့ပေးနေတဲ့ပုံက အပြင်မှာတအားအေးနေမှာသေချာပဲ ညဘက်တွေဆိုင်ကယ်မမောင်းပါနဲ့ပြောလည်း နားမထောင်ပြန်ဘူး ပြောမရဆိုမရကောင်လေး။ အိတ်ကပ်ထဲကနေ ဖုန်းကိုထုတ်ပြီး တတောက်တောက်နဲ့နှိပ်နေသည်ကိုတွေ့ရပြန်သည်။ ထယ်ယောင်း သူ့ဖုန်းမှာ စာဝင်သံတွေကြားနေရတာကြောင့် သွားမကြည့်လည်းသိနေပါပြီ အပြင်ကနေပို့နေတဲ့ ဂျွန်ဂျောင်ဂုပဲဆိုတာသူသိသည်။

" မင်းပြန်သင့်တယ်ဂျောင်ဂု၊ တအားကိုအေးနေတာမလား "

ထယ်ယောင်း တိုးညင်းစွာ အောက်ကဂျောင်ဂုကိုကြည့်ပြီး ရေရွတ်လိုက်သည်။ အခန်းလိုက်ကာစလေးကို သူကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း အောက်နှုတ်ခမ်းကိုဖိကိုက်မိသည်။ သူဘာလုပ်ရမလဲ အောက်ထပ်ကိုဆင်းပြီး ဂျောင်ဂုကိုပြန်ဖို့ပြောရမလား မပြောမချင်း ဒီကောင်လေးကပြန်မှာမဟုတ်ဘူး။

" ဟူးးး ခက်တယ်ကွာ! ခက်တယ် "

ထယ်ယောင်း စိတ်ရှုပ်သလိုလေးပြောရင်း လိုက်ကာစကိုဆွဲပိတ်လိုက်သည်။ သူမမြင်ချင်ဘူး ဒီလောက်အေးနေတာကို ပြန်သင့်တယ်မလား ဆက်ခံသူဆိုတဲ့ဂုဏ်ပုဒ်ကိုဒီကောင်လေးမေ့နေတာလား ဘယ်လောက်ပဲလူတွေက သူ့ကိုဆက်ခံသူဆိုတာမသိတောင် အပြင်မှာဒီအချိန်ကြီးရှိနေတာက သူ့အတွက်သိပ်အန္တရာယ်များလွန်းတယ်မလား။ ထပ်ပြီးမျက်လုံးထဲပြန်မြင်လာတဲ့ အပြင်ကဂျောင်ဂုပုံရိပ်ကြောင့် ထယ်ယောင်း မျက်လုံးတွေကိုအတင်းမှိတ်ပြီး ဆံပင်တွေကိုဆွဲဖွလိုက်သည်။

" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]Hikayelerin yaşadığı yer. Şimdi keşfedin