အပိုင်း(၁၄)
ဂျောင်ဂု အိမ်တော်ကို ပြန်ရောက်တာနဲ့ သူ့ကိုစိတ်ပူစွာနဲ့စောင့်နေတဲ့လူကြီးတွေရှိရာ ပင်မဆောင်ဆီသို့တန်းတန်းမတ်မတ်လျှောက်လာလိုက်သည်။
"အထဲကိုတစ်ယောက်မှ ဝင်မလာကြနဲ့"
၁၆နှစ်သာရှိသေးသော ကလေးတစ်ယောက်ဆီကနေ ခပ်ပြတ်ပြတ်အမိန့်စကားကြောင့် နောက်ကလူတွေလဲ အရိုသေပေးပြီးထွက်သွားကြသည်။
" အီရန် ! မင်း မာမီ့ကို ရူးစေချင်နေတာလား ဘယ်တွေသွားနေတာလဲ ! "
ဝင်လာတာနဲ့ မာမီသည် သူ့ဆီကိုပြေးလာပြီး ဂရုဏာဒေါသသံဖြင့်ဆူပူသည်။
" အီရန် မင်းဘယ်သွားနေတာလဲ အဖိုးမင်းကိုစိတ်ပူနေခဲ့တာ မင်းအနေနဲ့တစ်ယောက်တည်းအပြင်မထွက်သင့်ဘူး "
" ဟုတ်တယ်သား အန္တရာယ်များတယ် ဘယ်လောက်ပဲ သားကိုမသိဘူးဆိုဦး ဒယ်ဒီတို့ဆီကခွင့်ပြုချက်တောင်းသင့်တယ်"
အိမ်ကလူကြီးတွေပြောတာလဲမှန်သည် သူဒီနိုင်ငံမှာမွေးတာဆိုပေမဲ့ တစ်ခါမှခြေမချခဲ့ဖူးဘူး၊ ဒီရဲ့လမ်းတွေလည်း သူဘာမှသိတာမဟုတ်ဘူး အပြင်ထွက်ရလဲ အစောင့်တွေပါလာမှာကြောင့် ဂျောင်ဂုသူ့စိတ်ကြိုက် ခိုးထွက်ပြီး တွေ့ချင် မြင်ချင်မိတဲ့ တစ်ယောက်သောသူကို သွားတွေ့ခဲ့တာ။
" အဖိုး ကျွန်တော့်ကိုမွေးနေ့ လက်ဆောင်ကြိုက်တာတောင်းလို့ပြောခဲ့တယ်နော် အခုတောင်းလို့ရပြီလား "
ဂျောင်ဂု ခေါင်းကိုရဲရဲတင်းတင်းမော့ကာ အဖိုးဖြစ်သူအား ကြည့်လိုက်သည်။ ထိုအခါ ဘေးနားမှ ဒယ်ဒီနဲ့ မာမီတို့ကလည်း သူ့စကားကိုသေချာနားထောင်ရန် အဆင်သင့်ဖြစ်နေပုံ ..
" ငါ့မြေးဘာတောင်းမလဲ ကြိုက်တာတောင်း အဖိုးမရရအောင်ဖြည့်ဆည်းပေးမယ် "
ဟုတ်ပါသည် သူ့မြေးအသက်၁၆နှစ်မှ ဘာကိုလိုချင်တယ်ဆိုတာ ပထမဆုံးအကြိမ်အဖြစ်ပြောလာတာ၊ သူ့ဘက်ကဖြည့်ဆည်းပေးချင်တာတောင် ဒီကလေးကဘာမှမတောင်းဆိုခဲ့ဘူး ခုဒီလိုပြောလာတော့ သူသေချာပေါက် သူ့မြေးစိတ်တိုင်းကျလုပ်ပေးမှာ။
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "