အပိုင်း(၇) Uni

1.8K 156 1
                                    

အပိုင်း(၇)

" ဘယ်လိုလဲသား ဟာရူလေးကိုသဘောကျတယ်မလား "

ညစာစားနေတဲ့ထမင်းဝိုင်းမှာ မေမေသည် ‌ညနေကအကြောင်းကိုမေးလာသည် ။

" မေမေ သား .."

" ကလေးမလေးက ထက်မြက်တယ် ၊ ဂုဏ်ရှိတယ် လှလည်းလှတယ် နောက်ပြီး သားနဲ့ရွယ်တူမို့ ညှိရနှိုင်းရတာတွေလည်း အဆင်ပြေမယ်လို့မေမေထင်တယ် ဖြေးဖြေးချင်းအချိန်ယူကြပေါ့ "

မေမေသည် သူပြောမဲ့စကားတွေကို မပြောနိုင်အောင်ကြိုတင်ပိတ်ပြောသွားသောကြောင့် ထယ်ယောင်း‌ ဘယ်လိုတောင်ရှင်းပြရမလဲမသိတော့ဘူး။

" ဟုတ်ကဲ့ပါ မေမေ "

" သားပြခန်းက အဆင်ပြေရဲ့လား "

" အဆင်ပြေပါတယ် ဖေဖေ "

" ရှင့်သားကို ရှင့်လုပ်ငန်းတွေဆီအလည်ခေါ်လိုက်ဦးလေ ဒါမှသားလဲသိရအောင်လို့ "

" မေမေ ..."

" နောက်မှပေါ့ကွာ သားကပြခန်းတွေနဲ့အလုပ်ရှုပ်နေမှာရယ် "

ဖေဖေက ကြားထဲကနေစကားကိုကြည့်ကောင်းအောင်ဝင်ထိန်းလိုက်သည်မို့တော်သေးတယ် ပြောရမယ် ။ မေမေက ထပ်ပြီးလုပ်ငန်းတွေကိုဦးစီးဖို့တိုက်တွန်းဦးမယ်ထင်ပါတယ်..။

မရောက်ဖြစ်တာကြာနေပြီဖြစ်တဲ့ သူ့အခန်းလေးထဲကိုဝင်လိုက်သည် ။ လူမနေလည်း သန့်ရှင်းရေးလုပ်ထားတာကြောင့်ရှင်းလင်းနေသည် ။ ထယ်ယောင်းစိတ်ညစ်ညစ်နဲ့ အိပ်ယာပေါ်ကို ခန္ဓာကိုယ်ပစ်လှဲလိုက်သည် ။

အခုချိန်မှာ သူ့အတွေးထဲလက်မခံနိုင်တဲ့ အိမ်ထောင်ရေး အဆိုးဆုံးက မေမေစီစဉ်နေတဲ့အရာတွေ ပြီးတော့ဂျောင်ဂု..ပြန်လာကတည်းက သူဂျောင်ဂုကိုပဲတွေးမိနေတာ..သူပြောလိုက်တဲ့စကားတွေက တကယ်ပဲဂျောင်ဂုကိုထိခိုက်သွားစေတာလား ။

" မင်း..! ကျွန်တော့်အချစ်ကိုစော်ကားတယ်! ဟန်နီငယ် "

ထပ်တလဲလဲအတွေးထဲကို ဝင်လာသော ဂျောင်ဂုစကားကိုပြန်တွေးနေမိသည် ။ ငါရည်ရွယ်ချင်တာ ဒီလိုမှမဟုတ်ဘဲ ဂျောင်ဂုရယ်...

>>>>>>
<<<<<<

ထယ်ယောင်း ပြခန်းကိုလာတော့ ဘာရယ်မဟုတ် စိတ်ထဲ ပြခန်းရှေ့မှာ ရပ်နေမိသည်။  ဂျောင်ဂုများမနက်ခင်းလာဦးမလားဆိုတဲ့ အတွေးကဝင်လာသည် ။

&quot; 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 &quot;[Completed]Tempat cerita menjadi hidup. Temukan sekarang