အပိုင်း(၅)
" ဂျောင်...ဂျောင်ဂု သွားကြရအောင်နော် သွားကြရအောင် "
ကြောက်ရွံ့နေသော ထယ်ယောင်းကို ဂျောင်ဂုကြည့်ပြီး အီချယ်ဝွန်းအား ဆွဲထားသောဆံပင်ကို လွှတ်ပေးလိုက်သည်။
" နောက်ခါ ကင်မ်ထယ်ယောင်း နားမှာပဲဖြစ်ဖြစ် မင်းကိုထပ်မြင်ရရင် ငါကိုယ်တိုင်မင်းကိုသတ်ပစ်မှာ ! "
ဂျောင်ဂုသည် ထယ်ယောင်းရဲ့ လက်ကိုဆွဲကာ ထွက်လာခဲ့သည် ။ နောက်မှာ ကျန်နေခဲ့တဲ့ အီချယ်ဝွန်း မှာ သူတို့နှစ်ယောက်ကို သေချာစိုက်ကြည့်ရင်း....
" ကင်မ်ထယ်ယောင်း မင်းကငါ့အပိုင်ပဲ.."
>>>>>>>
<<<<<<<ဂျောင်ဂု ကားအကြမ်းပတမ်းမောင်းနေသည်ကို ထယ်ယောင်းမှာ မပြောရဲ တင်းကားနေသော မေးရိုးတွေ စူးရဲနေသေးသောသူ့မျက်လုံးတွေကိုကြည့်ရင် ဒေါသမပြေတာကို သိသည်။ ကားမောင်းရင်း စတီယာတိုင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့် လက်မှာအကြောတွေထောင်နေသည်ကိုပင် ထယ်ယောင်းမြင်နေရသည်။
" အား....!!! "
ဂျောင်ဂု စိတ်တိုလွန်း၍ ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။
" ဗုန်း...!!! "
" ဗုန်း...!!! ..ဟာကွာ ..!! "
ကားစတီယာတိုင်ပေါ် ကျရောက်သွားသော ဂျောင်ဂု လက်သီးများကြောင့် ထယ်ယောင်းအတော်လေး လန့်မိသွားသည်။
" ဂျောင်ဂု..."
" တောက်စ်...! "
နောက်တစ်ချက်ထပ်ထိုးဖို့ အရိပ်ယောင်မြင်နေတော့ ထယ်ယောင်း သူ့လက်သီးကိုအမြန်လှမ်းဆွဲလိုက်သည်။
" ဂျောင်ဂု..!! "
" မင်းဘာလို့ ကျွန်တော့်ကို တားတာလဲ! အဲ့လိုကောင်မျိုးကို အသေသတ်ပစ်သင့်တာ ! "
" ငါ....ငါတောင်းပန်ပါတယ် "
" မတောင်းပန်နဲ့ ! မင်းပါးစပ်က တောင်းပန်တာကို နောက်ဘယ်တော့မှ ကျွန်တော် ထပ်မကြားချင်ဘူး..!!! "
" အင်းပါ....အခုတော့ စိတ်လျှော့လိုက်ပါ အကုန်လုံးက ငါ့ကြောင့်ဖြစ်တာပါ ဂျောင်ဂုရယ် ...မင်းကိုယ်မင်းထိခိုက်အောင်မလုပ်ပါနဲ့ "
![](https://img.wattpad.com/cover/354370010-288-k534265.jpg)
STAI LEGGENDO
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "