အပိုင်း(၁၂)
" ကျွန်တော်အဲ့တာတွေမသိဘူးဟန်နီငယ် ၊ ပြောပြီးပြီပဲ ဟန်နီငယ်ကလွဲရင် ဒီကောင်ကဘာကိုမှဂရုစိုက်မဲ့ကောင်မဟုတ်ဘူးဆိုတာ ရိုင်းတယ်ထင်ရင်ထင်ပါစေ ဒီကောင်က ကင်မ်ထယ်ယောင်းဆိုတဲ့ ဟန်နီငယ်ကိုပဲမျက်နှာမူတဲ့ကောင် "
ထယ်ယောင်း သူ့ကိုကြည့်ပြီး ဘာပြောရမှန်းလဲမသိတော့ဘူး တကယ် တကယ် မောင်ကဆိုးလိုက်တာ...။
" မျက်နှာကြီးကို ပြင်စမ်းပါကွာ ၊ အဲ့မျက်မှောင်ကြီးကိုလည်းကုတ်ထားမနေနဲ့ "
ထယ်ယောင်း သူ့ကိုပြောတော့ မျက်နှာကိုတစ်ဖက်သို့လွှဲသွားပြန်သည် ။ ဒါအခုသူ့ကိုစိတ်ဆိုးနေတာလား ...
" အော်...အဖြေပြန်ရပြီဆိုတော့ ဂျွန်ဂျောင်ဂုတို့က အချိုးတွေပြောင်းသွားပြီပဲ ငါ့ကိုမျက်နှာလွှဲပြီးနေတတ်နေပြီပေါ့ ငါ့ကိုတောင်မကြည့်ချင်တဲ့ထိ ဖြစ်နေပြီပဲ ...ရပါတယ်လေ ဒါဆိုလည်း ငါ့ကိုကြည့်ချင်တဲ့သူကိုပဲ...."
" ဟန်နီငယ်!! "
ထိုအခါမှ ခပ်အောင့်အောင့်အော်သံနဲ့ သူ့ဘက်ကိုပြန်လှည့်လာတဲ့ ဂျောင်ဂု နေနိုင်တာလည်းမဟုတ်ဘဲ အပိုတွေ..!!
" နောက်ခါ အဲ့လိုမပြောနဲ့ ကျွန်တော်မကြိုက်ဘူး ! "
" ပြောရမှာပဲ မင်းကငါ့ကိုမျက်နှာလွှဲနေတာကို ဒီတော့ ငါ့ကိုကြည့်ချင်တဲ့..."
" မပြောနဲ့လို့ ! မပြောပါနဲ့ဆိုဗျာ "
သူ့ပါးကို ခပ်ဖွဖွညှစ်ပြီး အံကြိတ်သံနဲ့ပြောလာသည် ။ တကယ်ပဲ သဝန်တိုတတ်လိုက်တာသူ့အပြင်နှစ်ယောက်မရှိဘူး..။
" ဟား...ဘာလေးလည်းကွာ !နောက်ခါအဲ့လိုလည်းမပြောနဲ့ မဟုတ်ရင် ဘယ်ကကောင်မှန်းမသိရသေးဘူး လူသတ်မှုတွေဖြစ်ကုန်လိမ့်မယ် "
ထယ်ယောင်း သူ့အင်္ကျီစလေးကိုဆွဲလိုက်ပြီး ဘေးဘက်ဝဲယာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကိုသေချာပြန်ကြည့်လိုက်သည် ။
" ဒါဆို မောင်က ငါ့ကိုမျက်နှာမလွှဲနဲ့လေနော်"
ဂျောင်ဂု သူ့လက်မောင်းကအင်္ကျီစလေးကိုဆွဲပြီးပြောနေတဲ့ မျက်စိရှေ့က လူကိုကြည့်ပြီး စောက်ရမ်းအသဲယားမိသည် ကင်မ်ထယ်ယောင်းတို့က တစ်မျိုးပြီးတစ်မျိုးလူကိုကြွေဆင်းအောင်လုပ်နေတာ..!!!
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "