အပိုင်း(၁၆)
" ငါတို့နှစ်ယောက်ဇာတ်လမ်းကို ဒီနေရာမှာတင်ရပ်ကြရအောင် ဂျောင်ဂု "
" ဗျာ! ဟန်နီငယ်....မင်းကျွန်တော့်ကိုဘာပြောလိုက်တာလဲ "
ဂျောင်ဂု သူ့နားကိုတောင်မယုံကြည်နိုင်၊ အခုဟန်နီငယ်က သူ့ကိုလမ်းခွဲဖို့ပြောနေတာလား။
" ဟုတ်တယ် ငါသေချာဆုံးဖြတ်ပြီးပြီ မဟုတ်သေးဘူး...ငါနဲ့မင်းနဲ့ဇာတ်လမ်းကမရှိခဲ့ဘူး "
" ဟာဗျာ...!! အဓိပ္ပာယ်မရှိတာ ကျစ် ! "
ဂျောင်ဂု မတ်တပ်ရပ်လိုက်တော့ သူနဲ့အတူတူထရပ်လာပြီး သူ့ကိုကြည့်လာသည်။ ဘာတွေလဲ အခုက...သူဘာလုပ်မိလို့လဲ။
" မင်း ဘာဖြစ်နေလဲ ကျွန်တော်မသိဘူးဟန်နီငယ်၊ ကျွန်တော့်အမှားကြောင့်ဆိုရင်လည်း ကျွန်တော်တောင်းပန်တယ် လမ်းခွဲမယ်ဆိုတာတော့မပြောနဲ့ "
" မပြောလို့မရဘူး! မင်းနဲ့ငါက မဖြစ်နိုင်ဘူး ပြီးတော့ မေမေက ငါတို့အကြောင်းကိုလည်း သိသွားပြီဂျောင်ဂု "
" မင်းမေမေသဘောမတူတာနဲ့ဘဲ ကျွန်တော်တို့ကဝေးရတော့မှာလားဗျာ! အခုချိန်မသိတောင် နောင်တစ်ချိန်မင်းမေမေကသိမှာပဲ အရာရာအိမ်ကိုပဲ ဦးစားမပေးနဲ့ ဟန်နီငယ်"
" အခုက ငါဦးစားပေးတာ မပေးတာတွေ မဟုတ်ဘူး ဂျွန်ဂျောင်ဂု မင်းနဲ့ငါက မဖြစ်နိုင်ဘူး အခုကတည်းက ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင် "
" တောက်စ်..!!! ကျွန်တော့် ဒေါသတွေကို မင်းလာမဆွနဲ့ ဟန်နီငယ် ဘာအကြောင်းပြချက်မှမရှိဘဲ အသားလွတ်ကြီးလမ်းခွဲခံနေရတာ ပြီးတော့ ရည်းစားဖြစ်တာလည်း မကြာသေးဘူး ကျွန်တော်ဘာလုပ်မိလို့လဲ မင်းဟာက မဟုတ်သေးပါဘူးကွာ.."
" မင်းငါ့ကိုစိတ်ပျက်သလိုလာမကြည့်နဲ့ ဂျွန်ဂျောင်ဂု ငါ့ရင်ထဲမှာ ခုဘာတွေဖြစ်နေလဲ မင်းသိလားဟမ်!! မင်းမသိဘူး! "
" ကျွန်တော် မသိလို့မင်းကိုမေးနေတာလေ မင်းဘက်က ကျွန်တော့်ကိုပြောပြမှသိမှာပေါ့ ဘယ်လိုအရာတွေရှိရှိ ကျွန်တော်မင်းကိုလက်မလွှတ်နိုင်ဘူးဟန်နီငယ် "
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "