အပိုင်း(၁၈) Uni

1.7K 137 5
                                    

အပိုင်း(၁၈)

" မေမေ... "

" တော်ပြီသား မေမေတို့ဘာမှမနားထောင်ချင်တော့ဘူး ဒီနေ့ဘယ်လောက်ထိ မေမေတို့မျက်နှာပျက်ခဲ့ရလဲ ဆောင်းဟာရူတို့မိသားစုဘက်က မေမေ့သားကိုဘယ်လိုထင်ကြမလဲ သိပ်ရှက်ဖို့ကောင်းတယ် "

" မေမေ ဂျောင်ဂုက သားကိုချစ်တာမို့ပါ သားကိုသူသိပ်ချစ်တဲ့အတွေးပဲရှိတဲ့ကလေးမို့ ဘာမှမစဉ်းစားဘဲ သူလုပ်လိုက်မိတာပါမေမေရယ် သူ့ကိုအပြစ်မမြင်ပါနဲ့ "

" သူ့အနေနဲ့ ရင့်ကျက်ဖို့လိုသေးတယ် နောင်တစ်ချိန်ကျရင်ဆက်ခံသူနေရာရောက်မဲ့သူက အချစ်အတွက်နဲ့ ဒီလောက်ထိဖြစ်နေတာကလည်း မဟုတ်သေးဘူး ဒါကတော့ သူ့အပိုင်းဆိုပေမဲ့ ဒီသတင်းသာပေါက်ကြားရင် မေမေတို့သိက္ခာတွေ မြောင်းထဲရောက်ကုန်လိမ့်မယ် တော်သေးတာ‌ပေါ့၊ သူတို့ဘက်ကလူတွေလာခေါ်သွားတာကြောင့်  "

" မေမေ "

" မဖြစ်ပါဘူး သားနဲ့ဟာရူကို မြန်မြန်စီစဉ်ပေးရမယ် သားဖေဖေလည်း ဟိုမှာအလုပ်တွေထားခဲ့ရတာ မြန်မြန်ပြန်ရမှဖြစ်မှာ "

" ဟာရူတို့မိသားစုဘက်က သားအခြေနေကိုသိနေပြီလေမေမေ၊ ဒါတောင်မေမေကလက်မလျှော့နိုင်သေးဘူးလားဟင် "

" ဒီလိုတွေဖြစ်တာဘယ်သူ့ကြောင့်လဲသား! မေမေ ဒီလောက်တားနေတာကို ရှေ့ဆက်တိုးတာသားမလား၊ ဖြစ်သင့်တာနဲ့မဖြစ်သင့်တာကိုမခွဲခြားနိုင်လောက်အောက်ထိ သားကိုမေမေကအုပ်ထိန်းမှုညံ့ခဲ့တယ်ထင်ပါတယ် "

" ဟာဗျာ...မေမေသားကိုစကားလုံးတွေနဲ့ထပ်ပြီးမထိုးနှက်ပါနဲ့တော့ အဲ့တာကသားကို လူဆိုးတစ်ယောက်ဖြစ်အောင်လုပ်နေတာ! မေမေ့စိတ်ကြိုက်သားလုပ်ခဲ့တယ် သားနှလုံးသားကို မငဲ့ကွက်ဘဲ အဆင်ပြေအောင်သားရွေးချယ်ခဲ့တယ် မေမေ "

" ဟာရူတို့ဘက်ကနေ လက်ခံအောင်မေမေပြောမှာ သားအနေနဲ့က မေမေတို့စီစဉ်တဲ့တိုင်းလိုက်နာရုံပဲ အို....သူတို့ဘက်ကဆက်ခံသူနဲ့ ပြဿနာမဖြစ်ချင်လို့ နောက်ဆုတ်မယ်ဆိုရင်တောင် မေမေသားကို ချယ်အီဝွန်းနဲ့ပေးစားပစ်မယ် "

" ထယ်ဟီး!!! "

" မေမေ့!!! "

အမျိုးသားဖြစ်သူကင်မ်မင်ဂျွန်းနဲ့ သားဖြစ်သူ ထယ်ယောင်းအသံမှာဟိန်းကနဲ ပြိုင်တူထွက်လာသည်။

" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]Donde viven las historias. Descúbrelo ahora