အပိုင်း(၈)
အင်္ဂလန်နိုင်ငံ, ရွိုင်မြို့
ထယ်ယောင်း ရွိုင်မြို့ ရဲ့ Mermaid lnn Hotel မှာအနားယူနေသည် ။ သူဒီကိုလာတာက အရင်နှစ်ကတည်းကအနားယူဖို့စီစဉ်ထားလဲ အခုတော့ သူ့စိတ်ထဲ မကျေနပ်မှု ၊ ဝမ်းနည်းမှုတွေသာရှိသည်။
ဂျောင်ဂု သူ့ကိုရှောင်နေတာ ရက်အတော်ကြာနေပြီ သူပြောလိုက်တဲ့စကားတွေကြောင့် ဒီကောင်လေးသူ့ကိုရှောင်နေတာသိပေမဲ့ စိတ်ထဲမှာမွန်းကြပ်နေသလိုခံစားရတာကိုလဲ မကျေနပ်ဘူး..။ ဘာကြောင့် သူ့စိတ်တွေက မပျော်နိုင်နေရတာလဲ...ဂျောင်ဂုကို သူစာပို့ချင်ပေမဲ့ တင်းခံနေတဲ့မာနကြောင့် မပြောလိုက်ရတဲ့စကားတွေကအများကြီး..။ မင်းဘက်ကပဲ...ငါ့ကိုစကားလာမပြောပေးနိုင်ဘူးလား
ဂျောင်ဂု...မိုးဖွဲဖွဲလေးကျနေသော နေ့ဖြစ်တာကြောင့် ထယ်ယောင်းဆိုင်တစ်ဆိုင်ကို ဝင်လိုက်သည်။ ပေါင်မုန့်ဆိုင်ဖြစ်တာကြောင့် သူကြိုက်နှစ်သက်သည့် ပေါင်မုန့်တွေကိုထယ်ယောင်း စိတ်ကြိုက်ရွေးချယ်နေသည်။
" ဒါလေးတွေ တွက်ပေးပါဗျ "
" ဝယ်ယူအားပေးမှုတွက် ကျေးဇူးပါ "
ဝန်ထမ်းကောင်မလေးက သူ့ဆီကိုပေါင်မုန့်တွေထည့်ထားသောအိတ်ကိုကမ်းပေးလာသည်။
" ကိုယ် ငွေမရှင်းရသေးဘူးလေ "
" လူကြီးမင်းအတွက် ကျသင့်ငွေကိုရှင်းပေးပြီးသွားပါပြီ "
" ခင်ဗျာ..! ဘယ်သူကလဲမသိဘူး..."
" ဟိုးနားကလူပါ "
ဝန်ထမ်းကောင်မလေး ညွှန်ပြတဲ့ နေရာကိုကြည့်လိုက်တော့....ဆိုင်ထဲကနေထွက်သွားပြီဖြစ်သော ကျောပြင်ကို ထယ်ယောင်း လှမ်းမြင်လိုက်ရသည်။ မဟုတ်မှ...
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "