အပိုင်း(၂၃)
" ဂျောင်ဂု မင်းတကယ်ပဲမွေးနေ့ကြီးမှာ နမ်ဆမ်တာဝါ ကိုသွားချင်တာလား "
" ဟုတ်တယ် ဟန်နီငယ်၊ ကျွန်တော့်မွေးနေ့မှာ မင်းနဲ့အတူတူ သွားဖို့ရည်ရွယ်ထားတာ "
" စိတ်ချလို့ရရဲ့လား လူတွေများတယ်၊ မင်းဒီတိုင်းသွားလို့ရပါ့မလား ငါတို့တစ်ခြားသီးသန့်နေရာတွေပဲရွေးကြမလား ဂျောင်ဂု "
" ကျွန်တော့်ကိုစိတ်မပူပါနဲ့ ဟန်နီငယ်ရာ...စိတ်ကိုအေးအေးထားပြီး ကျွန်တော်ခေါ်တဲ့ဆီကိုသာလိုက်ခဲ့ပေးနော်၊ မင်းပြောထားတယ်လေ ဒီနေ့ ကျွန်တော့်မွေးနေ့မို့ အချိန်ပေးမယ်ဆိုတာ "
" ပြီးရောကွာ "
မျက်ခုံးတန်းတွေကိုကြုံ့ထားပြီး စူပုတ်ပုတ်လေးနဲ့ သူ့အားလက်လျှော့သွားတဲ့ ဟန်နီငယ့်ကိုကြည့်ပြီးဂျောင်ဂုပြုံးမိသည်။ တကယ်ပဲ ဒီကောင်ကငယ်တာလား ဒီလူကြီးလေးကငယ်တာလားဆိုတာကို မသိတော့ဘူး။
" နောက်မှာ အစောင့်တွေလည်းပါပါတယ်၊ ကျွန်တော်တို့ကားနောက်ကနေ သူတို့ကားတွေလည်းလိုက်လာမှာဟန်နီငယ် စိတ်မပူနဲ့နော် "
ဂျောင်ဂု ထယ်ယောင်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေကြားထဲ သူ့လက်ချောင်းတွေကို တွဲယှက်လိုက်ပြီး စိတ်မပူစေရန် ပြောလိုက်သည်။
ဂျောင်ဂု သူရဲ့အသက်၂၁နှစ်ပြည့်မွေးနေ့မှာ ဟန်နီငယ်နဲ့အတူ နမ်ဆမ်တာဝါကို သွားချင်ခဲ့သည်။ သေချာအကုန်ကြိုတင်ပြင်ဆင်ထားတာမို့ မလွဲနိုင်လောက်ပါဘူး။
ဆက်ခံသူ ချက်ချင်းကြီးရောက်ချလာတယ်ဆိုတဲ့သတင်းတွေကြောင့် နမ်ဆမ်တာဝါရှိလူတွေမှာလည်း လမ်းဖယ်ပေးရသည်။ သတင်းသမားတစ်ချို့ဟာလည်း အမြန်အချိန်မှီရောက်လာပြီး ဓာတ်ပုံရိုက်ယူဖို့လုပ်ကြသည်။ ဆက်ခံသူနဲ့သူ့ရဲ့လက်တွဲဖော်ပုံရိပ်တွေကို တစ်နှစ်ခွဲကျော်ကြာမှ မြင်ရတာမို့ သေချာအမိအရ မှတ်တမ်းတင်ကြသည်။ ဆက်ခံသူတို့အနီးနားထိ တိုးကပ်ဓာတ်ပုံရိုက်ဖို့ကြိုးစားသော်လည်း အထူးတပ်ဖွဲ့အစောင့်တွေရဲ့တားဆီးမှုကိုခံရတာကြောင့် ရရာနေရာကနေ ဓာတ်ပုံတွေကိုရိုက်ကြသည်။
![](https://img.wattpad.com/cover/354370010-288-k534265.jpg)
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "