အပိုင်း(၂၀)
" သခင်မကြီး ကျွန်တော်တို့ ဆက်ခံသူအတွက်အကောင်းဆုံးကြိုးစားခဲ့ပါတယ် စိတ်မကောင်းပါဘူး "
" ဘာကိုလဲ! ဘာကိုစိတ်မကောင်းတာလဲ ရှင်းရှင်းပြောကြစမ်းပါ "
" ကျွန်တော်တို့ အချိန်မှီ မကယ်တင်နိုင်လိုက်ပါဘူး၊ လူနာရဲ့ ပထမဒဏ်ရာက နှလုံးနဲ့နီးနေတာကြောင့်..."
" မဟုတ်ဘူး!! မဟုတ်ဘူး ငါ့သားလေးက..အားးမဟုတ်ဘူး..!! "
" ထယ်ယောင်း! "
ခွဲစိတ်ခန်းထဲကိုပြေးဝင်သွားသော ထယ်ယောင်း ပြေးဝင်သွားပြီး ကုတင်ပေါ်မှာလှဲနေတဲ့ ဂျောင်ဂုပုံကို တုန်လှုပ်စွာကြည့်မိသည်။
" မဟုတ်ဘူးမလားဟင်..ဂျောင်...ဂျောင်ဂု မင်း ထကြည့်ပါဦး "
ဂျောင်ဂုနားသို့ ထယ်ယောင်းသွားပြီး အေးစက်စက်လက်ကလေးကိုကိုင်ကာ ပြောလိုက်သည်။
" ငါလာပြီလေ မင်းကိုရွေးချယ်ဖို့အတွက် ငါဆုံးဖြတ်ခဲ့ပြီလေ ဂျောင်ဂု၊ ကြိုက်တဲ့အပြစ်ပေးပါငါ့ကောင်လေးရယ် ဒီလိုကြီးတော့မရက်စက်ပါနဲ့နော် "
ထယ်ယောင်းမယုံဘူး သူ့ကိုဂျောင်ဂုက လွယ်လွယ်နဲ့ထားသွားမှာမဟုတ်ဘူး။ ဟင့်အင်း ဂျောင်ဂုက မသေဘူး...။
" ထလို့! ငါမင်းကိုထလို့ပြောနေတယ်လေ ဂျွန်ဂျောင်ဂု ဘာလို့အိပ်နေတာလဲလို့! မင်းကိုငါအမိန့်ပေးနေတာလေ အရူးကောင်ရဲ့!!! "
ထယ်ယောင်း မျက်ရည်တွေကျကာ အော်ဟစ်ခေါ်နေလည်း ဂျောင်ဂုရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုသာတွေ့နေရသည်။
" မဟုတ်ပါဘူး! မင်းငါ့ကို လွယ်လွယ်နဲ့ထားသွားမှာမဟုတ်ဘူး၊ ငါမင်းကိုချစ်တယ်လို့! ငါ..ငါမင်းကိုစိတ်ဆိုးပြေပြီမို့ ထလာပါတော့ မောင်ရယ်!! "
" ကျွန်တော် ဟန်နီငယ့်ကို တအားချစ်တယ် "
" ကျွန်တော် ကျောင်းပြန်သွားရင် မင်းက ကျွန်တော့် ရည်းစားဖြစ်နေလောက်ပြီ ဟန်နီငယ် "
" မယုံရင် လောင်းကြေးထပ်လိုက်ဟန်နီငယ် ၊ ရှုံးတဲ့သူက နှလုံးသားတစ်ခုကို ပုံအောကြေး ဒီကောင့် အချစ်က နယ်နယ်ရရ မဟုတ်ဘူး Limited edition..."
BẠN ĐANG ĐỌC
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "