အပိုင်း(၉)
" မင်းကို ငါခေါ်နေတယ်လေ အဲ့နေရာမှာရပ်နေ ဂျွန်ဂျောင်ဂု...!! ၁၉နှစ်သား ငါပြောနေတယ်လေ"
ထယ်ယောင်း နောက်ကနေ သူ့ခြေလှမ်းတွေကို မမှီ့တမှီ လိုက်ပြီးပြောနေသော်လည်း ရှေ့ကသူက နည်းနည်းလေးမှ လှည့်မကြည့်...
" မောင့် !!! "
မိုးရေထဲမှာ ကျယ်လောင်စွာထပ်အော်လိုက်သော အသံကြောင့် ဂျောင်ဂုခြေလှမ်းတွေနဲ့ အတူ သူ့ကမ္ဘာကြီးပါရပ်တန့်သွားတော့သည်။
" ကျေးဇူးပြုပြီး ငါပြောတာကိုနားထောင်ပေးပါ မောင် ~~ "
ဂျောင်ဂု သူ့နောက်ကိုလှည့်ကြည့်လိုက်တော့ မိုးရေထဲမှာ မျက်ရည်တွေကျပြီးသူ့ကိုကြည့်နေတဲ့ ထယ်ယောင်းရဲ့ပုံစံကိုတွေ့လိုက်ရသည်။
" ဟားးး...ဟန်နီငယ် မင်းကျွန်တော့်ကိုရူးအောင်လုပ်နေတာပဲဗျာ..."
ဂျောင်ဂု သူ့ခြေလှမ်းကြဲတွေနဲ့ထယ်ယောင်းဆီလျှောက်သွားလိုက်ပြီး ရင်ခွင်ထဲ ထယ်ယောင်းကိုယ်ငယ်လေးကိုဆွဲသွင်းလိုက်သည် ။
ထယ်ယောင်းလည်း ဘာမှတွေးမနေတော့ဘဲ ဂျောင်ဂုခါးမှာသူ့ရဲ့လက်နှစ်ဖက်ကိုရစ်သိုင်းလိုက်ပြီးဖက်ထားသည်။ ဒီရင်ခွင် ဒီအမျိုးသားကို သူဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ ထပ်ပြီးလည်း မလိမ်ညာချင်တော့သလို ဂျောင်ဂုနဲ့လည်း သူမဝေးချင်တော့ဘူး...။
" မင်း ကျွန်တော့်ကို ရူးအောင်လုပ်နေတာ ဟန်နီငယ် ..မင်းက...မင်းက...! "
ဂျောင်ဂု ထယ်ယောင်းရဲ့ ကိုယ်လုံးလေးကိုတင်းကြပ်စွာဖက်ထားလိုက်ပြီးပြောနေသောစကားတွေကထပ်မထွက်လာနိုင်...
" ဆက်ပြောပါ ငါနားထောင်နေတယ် "
" ဟန်နီငယ် ..မင်းကသိပ်ဆိုးလွန်းတယ်ဗျာ.."
ဂျောင်ဂု နှလုံးခုန်သံတွေဟာဆောက်တည်ရာမရ အသက်ပြင်းပြင်းရှူနေရသောသူ့ရင်ဘတ်ကြီးကသက်သေဖြစ်သည် ။ " မောင် " ဆိုတဲ့ ချွဲ့နွဲ့သံလည်း မဟုတ်တဲ့ ခေါ်သံက သူ့နားထဲမှာခုထိစွဲကျန်နေတုန်း ....ဒီကောင်ဘယ်လောက်တောင်...ဟား...
ကင်မ်ထယ်ယောင်းတို့ကအန္တရာယ်သိပ်များလွန်းတယ်...!
YOU ARE READING
" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]
Fanfiction" ၁၉နှစ်သား လို့မခေါ်နဲ့ ဟန်နီငယ် " "........." " တစ်ခွန်းထဲ မောင်လို့ခေါ် ~~~ "