Part (1)

12.8K 233 0
                                    

Zawgyi
"အန်တီ အန်တီ,ဦးလေး ဦးလေး,မဟုတ်ဘူး မဟုတ်ဘူး...အား..."
  ​​​ချွေးတရွှဲရွှဲနဲ့ အိပ်ယာကလန့်နိုးလာတဲ့ရှင်း၊ဒီအိမ်မက်ကိုမက်ပြန်ပြီ ရှင်းကုတင်နံဘေးမှာရှိတဲ့မီးအိမ်ရဲ့နံဘေးကရေကရားထဲကရေကိုဖန်ခွက်ထဲထည့်ပြီးအံဆွဲကိုဆွဲဖွင့်လိုက်သည်။အထဲကဘူးလေးဆီကဆေးတစ်လုံးကိုယူသောက်လိုက်တယ် ။ရာသီတွေအလီလီပြောင်းနှစ်တွေတစ်နှစ်ပြီးတစ်နှစ်ပြောင်းလို့လာပေမယ့်မပြောင်းလဲတာက​ေတာ့အတိတ်ကရုံးမထွက်နိုင်တဲ့ရှင်းဘဲဖြစ်လိမ့်မယ်
ဟုတ်တယ်၊ ရှင်းဒီ၁၀နှစ်လုံးလုံး အိမ်မက်ဆိုးတွေထဲက မလွတ်မြောက်နိုင်ခဲ့ဘူး မေ့ထားခဲ့တာကြာပြီ ဖြစ်တဲ့ဒီအဖြစ်ပျက်ကြီးက ရှင်းအတွက်တော့ အမြဲအိမ်မက်ဆိုးတွေအဖြစ်မကြာမကြာပေါ်လာတတ်တယ် တော်ပါပြီလေ ရှင်းအတိတ်ကနေ ယခုလက်ရှိအချိန်ကို အတွေးလွန်းနေရင်းကနေ နာရီ ကိုကြည့်လိုက်တော့ နံနက်၆နာရီတောင်ရှိပါပေါ့လား အိပ်ယာစောစောထတတ်တဲ့ရှင်းအတွက် ဒီအချိန်ဟာထသင့်နေပါပြီလေ မျက်နှာသစ်ကိုယ်လက်သန့်စင်ဖို့ရှင်းရေချိုးခန်းထဲဝင်သွားတော့တယ်

.........

"ဟော သားရှင်း နိုးပြီလား"

ဘုရားခန်းထဲကဘုရားဝတ်ပြုပြီးလို့ပြန်ဆင်းအလာ အခန်းထဲကထွက်လာတဲ့ ရှင်းကိုမြင်ပြီးဖွားဖွားဒေါ်မြင့်မြင့်လျှံပြောလိုက် တော့ရှင်းက

"ဟုတ် ဖွားဖွား ရှင်းနိုးပြီဗျ,ဖွားဖွား ဘုရားရှိခိုးပြီးပြီလား.,သားဒီနေ့ဖွားဖွားနဲ့အတူတူဘုရားဝတ်မပြုလိုက်ရဘူး"

ရှင်းတစ်ယောက်အားနာတဲ့လေသံနဲ့ပြောတော့ဖွားဖွားက ဒီနေ့သားရှင်း အိမ်ယာထနောက်ကျတာအဆန်းသားခါတိုင်း ကိုယ့်ထက်အရင်နိုးနေကြလေ။

"တစ်ခါတစ်လေ ပျက်ကွယ်တာဘဲကွယ် ရပါတယ်သားရှင်းရယ်

ဒါနဲ့သားရှင်းနေများမကောင်းဘူးလားကွဲ့ မျက်နှာလည်းမကောင်းသလိုဘဲ"

ဖွားဖွားပြောမှရှင်းလည်းကိုယ့်ပုံစံကိုယ်ငုံ့ကြည့်မိတော့တယ် ညကအိမ်မက်ဆိုးတွေကြောင့်လူကအိပ်ရေးပျက်ပြီးဒီရက်ပိုင်းလည်းညနက်ထဲအထိစာရေးနေရတာဆိုတော့ပင်ပန်းနုံးချိနေတာဖြစ်မယ်

My Shin,My Husband (Completed)Where stories live. Discover now