Part 26

3.8K 93 4
                                    

Unicode
အခန်း၂၆
"ဟဲ့ နင်သက်သာပြီလား"

"သက်သာလို့ဘဲ။ငါအလုပ်ကိုလာတာပေါ့"

နှင်းလိပ်ပြာတစ်ယောက်သူမ၏သူငယ်ချင်းကြီးကိုစိုးရိမ်တကြီးဖြင့်မေးနေလေသည်။၃ရက်တောင်ဖျားတာဆိုတော့ ရှင်းကို လာကြည့်ဦးမလို့ဘဲ။အလုပ်ကိစ္စလေးကြောင့်ခရီးထွက်နေရတာနဲ့ ရှင်းဆီမသွားဖြစ်လိုက်ဘူး။သူကလည်း နှင်းကိုမပြောဘူးလေ။နှင်းအဲလိုစိတ်ပူမယ်မှန်းသိလို့ကိုမပြောတာတဲ့။တစ်ကယ်တည်းရှင်းတို့များ အိမ်ထောင်ကျပြီးကတည်းကချူချာနေလိုက်တာ။လင်ပူမိနေတာလားဘဲ။

"ဟိုကောင်ဝေယံရော နင့်ကိုလာမကြည့်ဘူးလား။"

"ငါ နင်တို့နှစ်ယောက်စလုံးကို စိတ်မပူစေချင်လို့။ဘယ်သူ့ကိုမှအကြောင်းမကြားတော့တာ"

"တည်ငြိမ် ရယ်...ငါတို့ကသူစိမ်းတွေကျနေတာ။စိမ်းကားနေလိုက် အဟွန့် ပြောကိုမပြောချင်ဘူး"

"မဟုတ်ရပါဘူး နှင်းရယ်။ငါအအေးမိတာလေးပါဘဲ။အိပ်ယာထဲလှဲနေတာမှမဟုတ်တာ။"

"ဘာဘဲဖြစ်ဖြစ်ပါ။နောက်ဆိုပြော ကြားလား။"

"အေးပါ မမနှင်းရယ်"

ရှင်းက ရွှတ်နှောက်နှောက်လေးပြောတော့ နှင်းရဲ့မျက်စောင်းထိုးတာခံရပါတော့သည်။

"ဒါနဲ့တည်ငြိမ် နင်အခုတလောချူချာနေသလားလို့။အိမ်ထောင်ကျပြီးကတည်းကခနခန နေမကောင်းဖြစ်နေတော့တာဘဲနော်။ေဗဒင်လေးဘာလေးလဲ သွားကြည့်ပါဦးဟယ်။"

ဗေဒင်ရူးနှင်းတို့ကစပြီ။သူ့ရဲ့အဲဒီပိုးကလေ ဟိုးအထက်တန်းကျောင်းသားဘဝကတည်းကနေအခုထိဘဲ။ခက်တာက ရှင်းဆိုတာလည်းဗေဒင်ယတြာတွေကိုလုံးဝအယုံကြည်မရှိတဲ့သူ။

"နှင်းရယ်ငါ ရေချိုးတာနည်းနည်းည ဥ့်နက်သွားရုံပါ။ဗေဒင်တွေဘာတွေကြည့်ရလောက်တဲ့အထိမဟုတ်ပါဘူး။"

"ငါစိတ်ပူလို့ပေါ့ဟယ်။နင်က အိမ်ထောင်ကျပြီးကတည်းက.."

"ငါအိမ်ထောင်ကျတာနဲ့ဖျားတာမဆိုင်ပါဘူးနှင်းရယ် ပေါက်ကရတွေ။"

"အေးပါ ။ငါက ငါ့သူငယ်ချင်းအိမ်ထောင်ရှင်လေးကို စိတ်ပူလို့"

My Shin,My Husband (Completed)Where stories live. Discover now