Part 29

3.7K 113 12
                                    

Unicode
အခန်း ၂၉

"ဒီ မှာတည်ငြိမ်ရှင်းကိုကိုရဲ့ အမျိုးသားပြည့်စုံလျှံရှင်းဆိုသူရောက်နေလို့ပါဗျို့ ဦးလှသောင်းရေ..."

ရှင်း ပြတင်းပေါက်ရဲ့လိုက်ကာစနောက်ကနေ ကွယ်ကာနောက်တစ်ခါကြည့်လိုက်သည်။ တကယ်ရီးသူဘဲ။
ရှင်းနေတဲ့ ရွာအထိတောင် ဘယ်လိုသိပြီးရောက်လာတာလဲ။ ဧကန္တ မိလှိုင်ပြောလိုက်လို့များလား။ မဖြစ်နိုင်လောက်ဘူး။ရှင်းဘယ်သွားမယ်ဆိုတာ နှင်းကလွဲပြီး ဘယ်သူမှသိတာမှမဟုတ်တာ။သစ္စာဖောက်မ မိနှင်း။နင်နဲ့ငါတွေ့ဦးမယ် မိနှင်း။

ဦးလှသောင်း ခြံတံခါးကို ဖွင့်လိုက်တာနဲ့ အစ်ကိုလေးလျှံကိုတွေ့ရသည်။

"အစ်ကိုလေးလျှံပါလား"

"ကိုလှသောင်း ဒီသူငယ်လေးက ကိုလှသောင်းတူရဲ့အမျိုးသားဆိုတာ ဟုတ်ပါသလား။"

"ဟုတ်ပါတယ် ကိုမျိုးသိန်း။ကျွန်တော့်တူက မနေ့က ည၈နာရီလောက်က ရောက်တာဗျာ့။ "

လျှံ လူကြီးတွေစကားပြောနေတာကို ဖြတ်ပြောလိုက်သည်။

"ဒီက ရွာလူကြီးနဲ့ ရွာသားတွေကို ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ့။ ညကြီးမင်းကြီး ဒုက္ခများအောင်လုပ်မိပြီ။ "

ဒီရွာရဲ့ရွာသူကြီးဖြစ်သူက

"မဟုတ်တာကွယ် ရပါတယ်။ ဦးလေးတို့အနေနဲ့ ကိုယ့်ရွာကို လာတဲ့ဧည့်သည်ကို ကူညီရမှာပေါ့။ကဲဒါဆို ဦးလေးတို့ပြန်မယ်။ ဘုန်းဘုန်းကိုလည်း လျှောက်တင်ရဦးမယ် လူလေး အသိအိမ်ကိုရောက်ပြီဆိုတာ။ ကိုလှသောင်းရေ ကျုပ်တို့ပြန်မယ်ဗျာ့"

"ကောင်းပါပြီဗျာ။ ဒီကကျွန်တော့်တူလေးရဲ့ အမျိုးသားကို ကူညီပေးလို့ ကျေးဇူးပါဗျာ။"

"အချင်းချင်းတွေကို ကိုလှသောင်းကတော့ လုပ်ပြီဗျာ။ကဲပြန်ပြီ ဗျို့"

"အော်ဒါနဲ့ ဒီကအစ်ကို ကားကို စိတ်မပူနဲ့နော် ကျွန်တော်သေချာထိန်းသိမ်းပေးပါ့မယ်ဗျာ"

ဘုန်းကြီးကျောင်းသားလေး ငညိုဆိုတဲ့ ကောင်လေးက သွားဖြဲကာ လျှံကိုရယ်ပြနေလေသည်။ လျှံကပြုံးလျက်

My Shin,My Husband (Completed)Where stories live. Discover now