unicode
အခန်း ၄၉
လရောင်ခုနက လျှံဖုန်းကိုsilentလုပ်လိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲကို ထည့်လိုက်သည်။ အစ်ကိုလေးက ဦးချစ်ဇော်ကို စစ်မေးနေသမျှ လရောင်လည်း သေချာ နားစွင့်နေမိသည်။ဖြစ်ကြောင်းကုန်စင်ကိုသိပြီးတာနဲ့ အစ်ကိုလေးက ဖုန်းပေးဆိုလို့ဖုန်းကိုထုတ်လိုက်သည်။လျှံဖုန်းကို ယူကြည့်လိုက်တော့ ကိုကိုက ဖုန်းထပ်ဆက်ထားတာဘဲ။ ဘာဖြစ်လို့များပါလိမ့်။လျှံက ရှင်းဆီကို ဖုန်းထပ်ဆက်မလို့ လုပ်တော့ ဖုန်းနံပါတ်စိမ်းတစ်ခုကဝင်လာသည်။
"ဟယ်လို"
"~~~~~~~~~~~~"
"တောက်!"
"အစ်ကိုလေး ဘာဖြစ်လို့လဲ"
"ဟိုမိန်းမကြီးက ယုတ်မာနေပြီ။ အခု ကိုကို့ကို ဖမ်းထားတယ်။ သူ့လင်နဲ့သားကို ကိုကိုနဲ့ အလဲလှယ်လုပ်မယ်တဲ့။ ပိုက်ဆံ သိန်း၅ထောင်ကိုလည်း ယူလာဖို့ပြောတယ်"။
"ဒါဆို ဘယ်လိုလုပ်ကြမလဲ အစ်ကိုလေး။ ကျွန်တော်တို့ သက်ဆိုင်ရာကို အကူညီတောင်းရင်ရော"
"မရဘူး။ အဲဒီနေရာကို ကျွန်တော် တစ်ယောက်တည်းဘဲလာရမယ်တဲ့။မဟုတ်ရင် ကိုကို့အသက်ကို ရန်ရှာမယ်လို့ ခြိမ်းခြောက်ထားတယ်"
............
"မင်း သိပ်အံ့ဩနေသလား"
ရှင်းကို ခနဲ့သလို ပြောလာသည့် ဒေါ်မြတ်နှင်းကို ရှင်းဘာမှမတုံ့ပြန်နိုင်ပေ။ရှင်းမှာ ခုခံချေပဖို့ ပါးစပ်မဟနိုင်အောင် အဝတ်နဲ့ ပါးစပ်ကို ပိတ်ထားတာကို။
"မကြာခင်မှာ မင်းယောကျ်ားရောက်လာရင် မင်းနားလည်သွားမှာပါ။ ငါ့အနေနဲ့ မင်းကို တကူးတက ရှင်းပြဖို့ စိတ်ကူးမရှိဘူး။ မင်းက တကယ်တော့ ငါ့အတွက်အနှောက်အယှက်တစ်ခုဘဲသိလား။ ကားအက်ဆီးဒက်ဖြစ်တဲ့နေ့ကတည်း မင်းလည်း လျှံမိဘတွေနောက်ကို လိုက်သွားသင့်တာ။"
ရှင်း နားမလည်ခြင်းများစွာဖြင့် ဒေါ်မြတ်နှင်းကို ကြည့်နေမိသည်။ အွန်း..အွတ်ရှင်းစကားလုံးတွေကို ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ ခန္ဓာကိုယ်ကိုလှုပ်ရမ်းလိုက်သည်။
YOU ARE READING
My Shin,My Husband (Completed)
Romance(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...