Unicode
အခန်း ၄၈
"ခွပ် ခွပ် ခွပ်""အွတ်..အဟွန့်အဟွန့်"
"ဦးချစ်ဇော် ဦးချစ်ဇော် ခင်ဗျားကများ ရာရာစစ ကျုပ်ယောကျ်ားကို ခြိမ်းခြောက်ပြီးငွေညစ်တယ်ပေါ့လေ။"
မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီး ပါးစပ်ကနေ သွေးတွေအန်လာသည်။ လူကိုကြိုးတုပ်ထားပြီး ထိုးကြိတ်ထားတော့ ခန္ဓာကိုယ်က လှုပ်ရှားလို့မနိုင်တော့တဲ့အထိ ဦးချစ်ဇော်မှာ နုံးချိနေသည်။ လျှံက သူ့ရှေ့မှာ ရပ်ကာ သူ့ကိုအပေါ်စီးကနေ ငုံ့ကြည့်နေသည်။ဘေးမှာရှိနေတဲ့ လူကောင်ထွားထွားနဲ့ နိုင်ငံခြားသားက ဦးချစ်ဇော်ရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ ခေါင်းမော့စေသည်။
"ကဲ ပြော ခင်ဗျားရဲ့ မိန်းမက ဘယ်သူလဲ။ ခင်ဗျားကို ကြိုးကိုင်နေတဲ့ အဲဒီမိန်းမက ဘယ်သူလဲ ဆိုတာ ကျုပ်ကို အခုပြော! "
"သတ်ချင်ရင်သတ်ပစ်လိုက်! မ ပြော နိုင် ဘူး"
"ဖြောင်း!"
အစ်ကိုလေးမေးတာကို ငြင်းရကောင်းလားဆိုပြီးDavidက ဦးချစ်ဇော်ကို အားကြီးနဲ့ ရိုက်ချလိုက်သည်။
"ခေါင်းမာတယ်ပေါ့၊ ဟုတ်ပြီလေ ခင်ဗျားဆက်ပြီး ခေါင်းမာ နိုင်ဦးမလား၊ကြည့်ကြသေးတာပေါ့။ Ryan..ဝဏ္ဏချစ်ဆိုတဲ့ကောင်ကို ခေါ်လာခဲ့"
"သား...မင်းငါ့သားကို ဘာလုပ်မလို့လဲ"
သူ့သားဆိုတာနဲ့ဖြစ်သွားတဲ့ရုပ်ကိုကြည့်ပါဦး။ တရားလည်းတရားပါ့။ သူများမိသားစုကိုကြတော့ လုပ်ကြံလိုက် ခြိမ်းခြောက်လိုက်နဲ့ ဟုတ်စ။
မိမိခြေရင်းမှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး ခွေလဲကျလာသည့် မိမိ၏သား ဝဏ္ဏချစ်။ အဖေကို တွေ့တာနဲ့အားကိုးတကြီး ကြည့်လာတဲ့သားဖြစ်သူကြောင့် ဦးချစ်ဇော်ရင်ထဲ အောင့်တက်လာသည်။
"အဖေသားကို ကယ်ပါဦး"
အခုချိန်မှာ သားကိုကယ်ဖို့လုပ်ရမယ်။ ခက်တာက ပြည့်စုံလျှံရှင်းက သူ့ရဲ့လူတွေနဲ့ရောက်ချလာပြီး ဒီလောက်ချောင်ကျတဲ့နေရာမှာပုန်းနေတာတောင် သူ့ကိုရှာတွေ့သွားတာဘဲ။ အခုကြည့် အလစ်တိုက်ခိုက်ခံလိုက်ရတော့ ကိုယ့်ဘက်ကလူတွေလည်း အကုန်အတုံးအရုံးနဲ့ လဲနေကြ ပြီ။ ကိုယ်ကိုတိုင်လည်း အဖမ်းခံထားရပြီ။ ဘယ်လိုလုပ်ရမလဲ။ ငါသေသွားရင်တောင် မမှုပေမယ့် ငါ့သားကို အဲလိုအဖြစ်မခံနိုင်ဘူး။
YOU ARE READING
My Shin,My Husband (Completed)
Romance(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...