Part (15)

4.3K 136 1
                                    

Zawgyi
အခန်း၁၅
ဒီည သူမပြန်လာပါလား။ ရှင်းဘာရယ်မဟုတ် တစ်စုံတစ်ယောက်ကို ဧည့်ခန်းထဲမှာစောင့်နေမိသည်။ ရှင်းစာအုပ်လေးတစ်အုပ်ကို ကိုင်ဖတ်ကာ ရှင်းရဲ့အကြည့်ကတော့ ခြံထဲကိုသာရောက်နေသည်။ဖွားဖွားကတော့ လူကြီးဆိုတော့ စောစောအိပ်သွားလေပြီ။ညစာစားတုန်းကတောင်  သူရဲ့ကုမ္ပဏီမှာ အလုပ်တွေဘယ်လောက်များကြောင်း ဖွားဖွားကတော့ ရှင်းကိုပြောပြရှာပါတယ်။ပြီးတော့ ရှင်းကိုလည်း သူ့ကိုနားလည်ပေးဖို့နဲ့ အိမ်ထောင်ရေးကိုတည်မြဲစေချင်တဲ့အကြောင်းတွေကို ဖွားဖွားက ရှင်းကိုပြောလေသည်။ ပြီးတော့ဖွားဖွားက ပြောသေးသည် ဖွားဖွားအနေနဲ့ မြေးလေးတို့အိမ်ထောင်ရေးကို နေရာတကာ ဝင်ပါလို့ မရဘူးတဲ့ ဒါကြောင့် အချို့ကိစ္စတွေက ဖွားဖွားကတော့ မြေးလေးတို့ဘာသာ ညှိနှိုင်းတိုင်ပင်ပြီးသင့်သင့်မြတ်မြတ်နေကြဖို့ပြောလေသည်။ ဖွားဖွားလည်း ရှင်းနဲ့သူ တစ်ခုခုဖြစ်နေတာကို သိပုံပေါ်ပါသည်။ရှင်းဖွားဖွားပြောတာတွေကို ပြန်စဉ်းစားကြည့်မိသည်။ ရှင်း ဖွားဖွား ကို စိတ်ချမ်းသာစေချင်သည်။ ဒါကြောင့် ရှင်းအနေနဲ့ကတော့ သူနဲ့ တည်မြဲတဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်မှာပါ။ ဒါပေမယ့် သူအနေနဲ့ကရော ရှင်းနဲ့ လက်တွဲရလို့ နောင်တများရနေမလား။ တကယ်လို့ ရှင်းဘက်ကဘဲ ဒီလိုဖြစ်စေချင်နေတာဆိုရင် ရှင်း ဘယ်လိုလုပ်မလဲ။ ရှင်းလို ယောက်ျားတစ်ယောက်ကိုယူလိုက်ရလို့ သူ့အတွက် နစ်နာမှုများဖြစ်နေမလား။ရှင်းအရမ်းအတွေးလွန်နေမိပြီထင်တယ်။ ည၉နာရီ ၄၅မိနစ်တောင်ရှိလေပြီ။ရှင်းသူဘယ်ချိန်ပြန်လာမလဲဆိုတာ ဖုန်းဆက်မေးသင့်သလား။ရယ်စရာတော့ကောင်းသား ရှင်းနဲ့သူကလေ လက်သာထပ်ထားတာ တစ်ယောက်နဲ့တစ်ယောက် ဖုန်းနံပါတ်တောင်မသိကြဘူးတဲ့။သူဟိုမှာနေစဉ်ကတည်းကလည်း ရှင်းနဲ့အဆက်အသွယ်မှမရှိတာ။ သူဖွားဖွားနဲ့တစ် ခါတစ်လေvideo callပြောနေတာကို ရှင်းတစ်ခါတစ်လေ တွေ့ပါတယ်။ရှင်းကတော့  အဲလိုအချိန်တိုင်းရှောင်ထွက်သွားလေသည်။ ဖွားဖွားဆီမှာသူ့နံပတ်တောင်းဖို့ကျတော့လည်း ရှင်းနည်းနည်းတော့ရှက်တယ်။ သူ့အနေနဲ့ကရော အလုပ်နောက်ကျမယ်ဆိုရင် မဆက်သွယ်သင့်ဘူးလား။ဒါမှမဟုတ်သူတကယ်အလုပ်အရမ်းများနေလို့လား။
ရှင်းအတွေးလွန်နေစဉ်

My Shin,My Husband (Completed)Where stories live. Discover now