Unicode
အခန်း ၃၉
လျှံ့ကားလေးခြံထဲကို မောင်းဝင်လာသည်။ခုနက ဟိုကောင့်ကိုတွေ့လိုက်ရတော့ လျှံမျက်ခုံးတွေတွန့်ချိုးနေသည်။ပြတင်းပေါက်ကနေ လျှံ့ကားမောင်းဝင်လာတာကို ရှင်းကြည့်နေသည်။ရှင်း... နှင်း ဆီသွားပြီး အလုပ်ထွက်လိုက်ပြီဆိုတာကို သူကိုပြောပြရဦးမယ်။ တံခါးဖွင့်သံကြားတာနဲ့ ရှင်းအနောက်ကို လှည့်ကြည့်လိုက်သည်။
"အင့်"
ရုတ်တရက်ဆန်လွန်းတဲ့အနမ်းကြောင့် ရှင်းမျက်လုံးအပြူးသားဖြစ်သွားသည်။ရှင်းမျက်နှာကို လက်နှစ်ဖက်ဖြင့်ညှပ်ကိုင်ကာ အသက်ရှူသံပြင်းပြင်းဖြင့် နမ်းရှိုက်နေလေသည်။
အနမ်းတွေခနရပ်တန့်သွားချိန်တွင် ရှင်းမှိတ်ထားတဲ့မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။အလိုမကျဖြစ်နေတဲ့သူက မျက်ခုံးကြီးတွေတွန့်ချိုးလို့ ရှင်းကို အကြည့်ချင်းလည်းမဆုံဘူး။ရှင်းကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ရှင်းလက်မောင်းတွေကို ဖျစ်ညစ်ထားတာက အသက်ရှူကြပ်လောက်သည်အထိဖြစ်သည်။ရှင်းသူ့ကျောပြင်ကို ဖွဖွလေးပုတ်ကာ
"ဘာဖြစ်လာတာလဲ လျှံ"
"......."
"ကုမ္ပဏီမှာ တစ်ခုခုဖြစ်လို့လား"
"........"
ဘာမေးမေး ဘာမှမဖြေတော့ ရှင်း တဖြည်းဖြည်းစိတ်ပူလာသည်။သူနဲ့ မျက်နှာချင်းဆိုင်စကားပြောမလို့ သူ့ကိုယ်လုံးကို တွန်းဖယ်ပေမယ့် သူက ပိုတိုးလို့ဖက်ထားသည်။
"ဒီနေ့ဘယ်သွားသေးလဲ"
"နှင်း ကို အလုပ်ထွက်မယ့်အကြောင်းသွားပြောတာဟိုရောက်တော့ ဝေယံကရှိနေတယ်။ အပြန်ကျတော့ သူလိုက်ပို့တာ"
ရှင်းက ပွင့်ပွင့်လင်းလင်းပြောတော့ လျှံ ရဲ့ စိတ်ကို တစ်ထစ်လျှော့ချလိုက်သည်။ လျှံလည်း ရှင်းအိမ်ကထွက်သွားပြီးကတည်းက ရှင်းနဲ့ပတ်သက်ရင် သူ့ရဲ့သဝန်တိုစိတ်အားကြီးလွန်းနေတာကိုသိပါတယ်။ ဟိုကောင့်ကို ကြည့်မရဘူးဆိုရင်တောင် ရှင်းရဲ့ကိုယ့်ကျင့်တရားကိုတော့ ယုံကြည်ရမယ်မလား။ဟိုကောင့်ကြောင့် ဒေါသထွက်ပေမယ့် ရှင်းအပေါ်ကိုပုံချတာမျိုးကိုတော့မလုပ်သင့်ဘူးဆိုတာ လျှံနားလည်သွားပါပြီ။ အရင်ကဖြစ်ခဲ့တဲ့ပြဿနာတွေကနေ လျှံကောင်းကောင်းကြီးကို သင်ခန်းစာယူခဲ့ပြီးပြီမို့။နှစ်ယောက်သားကြားမှာ ရိုးသားမှု ယုံကြည်မှု ပွင့်လင်းမှုတွေကရှိရမယ်လေ။
YOU ARE READING
My Shin,My Husband (Completed)
Romance(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...