Part 25

4K 91 1
                                    

Unicode
အခန်း ၂၅
'Ring Ring'

'ကိုလရောင်ပြော'

'.......'

'ကောင်းပြီကျွန်တော်အခုအဲ့ဒီကိုလာခဲ့မယ်'

လျှံ ဖုန်းပြောပြီးပြီးချင်း အိပ်ယာပေါ်မှာ ခွေနေတဲ့ ထိုလူသားဆီလျှောက်လာသည်။စောင်ကလေးကို ပခုံးထက်နားသို့ ခြုံပေးလိုက်ရင်း နဖူးကိုစမ်းသပ်ကြည့်လိုက်သည်။

'ဟူး...အဖျားကနည်းနည်းတော့ကျသွားတာဘဲ'
ရေချိုးခန်းထဲ၃နာရီလောက်ကြာသွားမှတော့ အအေးပတ်ပြီပေါ့။

'ကျွန်တော်နည်းနည်းလွန်သွားတယ်'
လျှံ ကိုယ်လျှံတောင်အပြစ်တင်မိသည်။လျှံလည်းထိုလူသားနဲ့ပတ်သက်ရင်အသိစိတ်မရှိတော့ဘူးဗျာ။ ခင်ဗျားကပြုစားလွန်းတယ်ဗျာ။ဆေးသောက်ကာအိပ်ပျော်နေတဲ့ ရှင်းကို ဆံပင်လေးတွေကို သပ်ရင်း လျှံ ပါးလေးကိုဖွဖွနမ်းလိုက်သည်။ခင်ဗျားအနားမှာစက္ကန့်မလပ်ပြုစုယုယချင်ပေမယ့် ရှင်းရမယ့် ကိစ္စလေးရှိနေသေးသည်လေ။

'ပြွတ်စ်..'

ရှင်းနှုတ်ခမ်းပေါ်သို့ ကျရောက်လာသောနူးညံ့တဲ့အထိတွေ့လေးတစ်ခု။ရှင်းဝိုးတဝါးမြင်လိုက်ရတာက ရှင်းကိုကျောခိုင်းသွားတဲ့ကျောပြင်ကိုသာ။ ရှင်းမျက်လုံးတွေကောင်းကောင်းမဖွင့်နိုင်သေးပေ။တစ်ကိုယ်လုံးနုံးချိနေတာကြောင့်မကြာခင်မှာရှင်းပြန်လည်အိပ်စက်သွားသည်။
......
လရောင် ဆေးရုံကိုရောက်လာတော့ကုတင်ပေါ်မှာလဲနေတဲ့ အဲဒီလူရဲ့နံဘေးမှာလူအချို့ကဝန်းရံလျက်ရှိသည်။လရောင် အစ်ကိုလေးကိုတော့လာရင်းနဲ့ဖုန်းဆက်ပြီးအကျိုးအကြောင်းကိုအားလုံးရှင်းပြပြီးဖြစ်သည်။ပြီးတော့အဲဒီလူအကြောင်းကိုစုံစမ်းကြည့်ရသလောက်တော့ အဲဒီလူနာမည်က ဝဏ္ဏချစ် Lyan Groupရဲ့ပြိုင်ဘက်ဖြစ်တဲ့CZ Group ဦးချစ်ဇော်ရဲ့ သားဖြစ်သည်။ မိတဆိုးလေးမို့အလိုလိုက်ထားပြီး ပျက်စီးနေတဲ့သားဆိုးလေးပေါ့။အဲဒီကောင်လုပ်တဲ့မကောင်းမှုမှန်သမျှကို သူ့အဖေကလိုက်ဖုံးပေးနေတာတဲ့ ။အဲဒီဦးချစ်ဇော်ဆိုတဲ့လူကလည်း သူ့သားနဲ့ပတ်သက်သမျှကိုငွေနဲ့လိုက်ဖုံးဖိနေလို့ ဒီကောင် အခုလိုလူပါးဝနေတာ။

My Shin,My Husband (Completed)Where stories live. Discover now