Part 30

4.1K 96 10
                                    

Unicode
အခန်း ၃၀
နံနက် ၅:၃၀
မနက်ခင်းတွင်နေအလင်းရောင်ကိုကောင်းမွန်စွာမမြင်ရသေးသောအချိန်သည် မိုးသောက်ယံဆိုသည့်အချိန်ဖြစ်သည်။ထိုအချိန်တွင် စက်စက်ယိုရွာကလေးမှာ မနက်ဆွမ်းလောင်းဖို့အတွက်ရွာသူရွာသားများသည် ချက်ပြုတ်ပြင်ဆင်ထားပြီးဖြစ်သည်။မကြာမီအချိန်တွင်ရွာဦးဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ တပည့်ရဟန်းများသည် သပိတ်ကလေးကို ပိုက်ကာ အစီအရီဖြင့် ဆွမ်းခံဆင်းလာလေပြီ။ ကပ္ပိယလေးသည် ​​ကြေးစည်ကိုတူနဲ့ထုလိုက်သည်။
"တူ...ဝေဝေ..."

"ဆွမ်းတော်ဗျို့...."

ဆိုတဲ့ဆော်ဩသံကြောင့် အခန်းထစ်ခုထဲတွင်ရှိသော လူနှစ်ယောက်အနက် တစ်ယောက်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးတွေကိုဖွင့်လိုက်သည်။ထိုလူသားရဲ့ခါးကိုတင်းကြပ်စွာဖက်ထားခြင်းခံရသည့်အပြင်လက်ကလေးသည်လည်း နောက်ကလူရဲ့ဆုပ်ကိုင်ခြင်းကို ခံရပြန်ပါသည်။

မြင်ကွင်းအတွင်းမြင်နေရတဲ့ ပတ်တီးစည််းထားတဲ့လက်နဲ့ရှင်းခါးကိုမြဲမြဲမြံမြံဖက်ထားရင်း ရှင်းလက်ကို မလွတ်စတမ်းဆုပ်ကိုင်ထားပါသော ထိုသူသည် အိပ်မောကျနေဆဲပင်ဖြစ်သည်။ ရှင်းကိုယ်လေးကို လူးလွန့်လိုက်တိုင်း သူက ပိုတင်းကျပ်စွာ ဖက်ထားပြန်ပါသေးသည်။ရှင်းအနေနဲ့ ဆွမ်းလောင်းဖို့ ဦးလေးကို ကူညီချင်ပါသော်လည်း ဒီအတိုင်းဆိုမဖြစ်တော့ဘူးထင်တယ်။ ကြည့်လေ သူကမှ ရှင်းကို အလွတ်မပေးတာ။ရှင်းသူ့ထံက အတင်းရုန်းထွက်ချင်ပေမယ့် သူနိုးသွားမှာစိုးလို့။ သူ့ကိုတော့ အိပ်ရေးဝစေချင်ပါသည်။ နံနက်၃နာရီလောက်မှ အိပ်ပျော်သွားတာမလား။ ခရီးလည်း ပန်းနေမယ်ထင်ပါတယ်။ သူ့ထက်စာရင် ရှင်းကအိပ်ရေးဝနေပါပြီ။တစ်ခုခုဆိုရင် ဒီလက်ကိုဘဲ ရန်ရှာတတ်သည်ထင်တယ်။ ဟိုတစ်ခါကလည်း လက်မှာ ရှလာသေးသည်မဟုတ်လား။ ဘယ်လိုရလာလဲတော့ ရှင်းလည်းမသိပေ။လူတစ်ယောက်မှာ ခန္ဓာကိုယ် အကောင်းတိုင်းရှိဖို့ ဘယ်လောက်အရေးကြီးသလဲ သူတစ်ကယ်မသိတာလား။သူနိုးရင်တော့ သူ့ကို ရှင်းပြောဦးမှပါ။ နည်းနည်းပါးပါးလည်း ကိုယ့်ခန္ဓာကိုယ်ကို ချစ်ပါဦးလို့။ဒါနဲ့ ရှင်းသူ့လက်မောင်းကို ​ေ ခါင်းအုန်းထားတော့ သူ့လက်တွေ ညောင်းနေလောက်တယ်မလား။
ဒါကြောင့် ရှင်းခေါင်းလေးကို ထောင်ကာ ရှင်းခါးကိုဖက်ထားတဲ့သူ့လက်ကို အသာလေး ဖယ်လိုက်သည်။ သူ့ရင်ခွင်ထဲကလွတ်တာနဲ့ ရှင်းသူ့ကို ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်ကြီးကြီးကို အိပ်ပျော်နေတာဘဲ။
ရှင်းတွေးလို့မဆုံးသေးခင်မှာဘဲ လျှံက ရှင်းပေါင်ကို ခွကာ ရှင်းကိုယ်လေးကို အတင်းပြန်ဖက်ထားပြန်သည် ။ ဒီတစ်ခါရှင်းက လျှံရင်ဘတ်ဆီမှာ မျက်နှာအပ်လျက်ဖြစ်သည်။ရှင်းပုခုံးလေးကို လျှံဒဏ်ရာရနေတဲ့လက်ဖြင့်ဖက်ထားပြီး ဘယ်ဘက်လက်ကလည်း ရှင်းရဲ့ခါးလေးထံတစ်ဖန် ရောက်ရှိနေပြန်ပါသည်။ခုနကတောင် လူးလွန့်လို့ရသေးသည်။ အခုအနေထားကတော့ အသက်ရှူတောင်မချောင်သည့်အနေအထားဖြစ်သည်။ လူကိုယ်လည်းခွထားလိုက်တာ ဖက်လုံးများထင်နေလားမသိ။ ရှင်း ရှူထုတ်လိုက်တဲ့လေက သူ့ရင်ဘတ်ထံ ရိုက်ခတ်နေလေသည်။

My Shin,My Husband (Completed)Where stories live. Discover now