Part 35

4K 96 2
                                    

Unicode
အခန်း ၃၅

"သေချာ ပြင်ဆင်ထားတယ်မလား လရောင်"

'ဟုတ်ကဲ့ပါ အစ်ကိုရှင်း ကျွန်တော် အစ်ကို မှာတာတွေအားလုံးပြင်ဆင်ထားပြီးပါပြီ။ အခုအစ်ကိုလေးက လက်မှတ်ထိုးစရာတွေရှိသေးလို့ဆိုပြီး ကျန်ခဲ့တယ်။ ကျွန်တော်အခု အစ်ကိုရှင်းဆီလာနေပါပြီ။'

'ဟုတ်ပြီ။ မြန်မြန်လာ လရောင် ငါတို့တွေ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအောင်။ တာရာကရော လာနေပြီလား'

'ဟုတ် သူကသူ့သူငယ်ချင်းနေရောင်နဲ့ လာလိမ့်မယ် အစ်ကိုရှင်း'

'ဟုတ်ပြီ လရောင်။ ကျေးဇူးဘဲနော်။ အဲဒါဆို  အစ်ကိုဖုန်းချလိုက်တော့မယ်'

လရောင်ကို အစ်ကိုရှင်းက မွေးနေ့ကိတ်ကို ယူလာပေးဖို့အကူညီတောင်းလေသည်။ မွေးနေ့ရှင်ကိုလည်း တမင်အလုပ်ပုံထဲနှစ်ပြီး သူ့မွေးနေ့ကို မေ့နေအောင်ဆိုပြီး လရောင်မှာ ကြံဖန်ပြီး လက်မှတ်ထိုးရမယ့်ဖိုင်တွေကိုပေးထားခဲ့ရသည်။ရှင်းမှာလည်း သူ့ကိုsurpriseဖြစ်အောင်ဆိုပြီး ဆရာဝန်နဲ့ ဖွားဖွားကိုတောင်နှုတ်ပိတ်ခိုင်းထားရတာ။ ဒီနှစ်သူ့မွေးနေ့လေးကိုတော့ အမှတ်တရဖြစ်သွားစေချင်တယ်။ သူနဲ့ဝေးနေ့တဲ့ နှစ်တွေမှာဆို သူ့မွေးနေ့ရောက်တိုင်း သူ့အတွက်ဆိုပြီး ရှင်းအလှူလေးတွေလုပ်ပေးဖြစ်သည်။ ဒီနှစ်လည်း တူတူပါဘဲ မနက်က သူ့အတွက် ရှင်းခွေးလေးတွေကို အစာသွားကျွေးခဲ့သည်။ သူက အခုတလောကုမ္ပဏီမှာ အလုပ်တွေရှုပ်နေတာနဲ့ အလုပ်ကိုသွားလေသည်။  ရှင်းကိုယ်တိုင်ကလည်း သူ့ကို တမင် အလုပ်သွားခိုင်းလိုက်တာပါ။တော်ကြာbirthday surpriseကို ရိပ်မိသွားဦးမယ်။

ရှင်းဖုန်းထဲကနာရီကိုကြည့်လိုက်တော့ ၅နာခွဲရှိပြီ ဒါဆိုမကြာခင်မွေးနေ့ရှင်က လာတော့မှာဘဲ။ ခြံထဲမှာ မိလှိုင်တို့က အသားကင် အအေး နဲ့ သူ့သူငယ်ချင်းတွေအတွက်ကတော့ champagneနဲ့ အခြားယာမကာအချို့ကို ပြင်ဆင်ထားသည်။ မွေးနေ့ပွဲကိုတော့ privateလုပ်ပြီး အရမ်းရင်းနှီးတဲ့သူတွေကိုသာဖိတ်ထားတာဖြစ်သည်။ပြီးတော့  သူ့အတွက်လက်ဆောင်ကိုတော့ ရှင်းကိုယ်တိုင်အထူးပြင်ဆင်ထားသည်။

My Shin,My Husband (Completed)Where stories live. Discover now