Part 32

3.9K 96 4
                                    

Unicode
အခန်း ၃၂
'ဟော...ဟဲ...ဟော...ဟဲ'

ရှင်း မျက်လုံးတွေဇတ်ခနဲပွင့်လာသည်။နဖူးမှာလည်းချွေးတွေဆို့လို့။

ရင်ခွင်ထဲက မောဟိုက်နေသူကြောင့် လျှံလည်းနိုးလာလေသည်။

'ဘာဖြစ်လို့လဲ။အိမ်မက်ဆိုးမက်လို့လား'

ရှင်းနဖူးပေါ်က ချွေးသီးချွေးပေါက်လေးတွေကို လျှံ လက်နဲ့ပွတ်သပ်ပေးလိုက်သည်။အသက်ရှူသံတွေကလည်းပြင်းလို့။ဒီလောက်လန့်သွားရအောင်ဘယ်လိုအိမ်မက်မျိုးမက်လို့လဲကွာ။

ရှင်းလည်း အိမ်မက်ထဲက သစ်ပင်ပေါ်ကပြုတ်ကျလာပြီး ရှင်းဖမ်းလိုက်တဲ့ အရာကြောင့် ရှင်းအံဩသင့်ကာ လန့်နိုးရသည်အထိပင်။

'ရှင်းကိုကို...ရှင်းကိုကို..'

'ဟင်'

လျှံဒီလောက်ခေါ်နေတာတောင် မကြားလို့ ရှင်းကိုယ်လေးကို လှုပ်ခါလိုက်ရသည်။

'အိမ်မက်ဆိုးမက်လို့လားမေးနေတယ်လေ'

'အမ်...ဟို...ဘာမှမဟုတ်ဘူး။ ရေဆာတယ်။ရေသောက်ချင်တယ် လျှံ'

'ဟုတ်ပြီ။ကျွန်တော်သွားခပ်ပေးမယ်နော်'

ရှင်းကိုယ်လေးကို ထ ထိုင်စေကာ လျှံကတော့ ရှင်းသောက်ဖို့ရေသွားခပ်လေသည်။
ရှင်းရဲ့နှလုံးခုန်သံတွေကျယ်လောင်နေသည်။ ရှင်းရင်ဘတ်လေးကိုလက်လေးနဲ့ဖိကာ စိတ်ငြိမ်အောင်လုပ်ရသည်။အိမ်မက်ထဲမှာ ရှင်းဖမ်းမိလိုက်တာက အနှီးထုတ်လေးနဲ့မွေးကင်းစ ကလေးလေးဖြစ်သည်။နောက်လန့်နိုးသွားတော့သည်။အဲဒီ ခနတာပွေ့ဖက်ခွင့်ရလိုက်တဲ့အခိုက်အတန့်လေးကပင် ရှင်းရင်ဘတ်ထဲမှာတဒုန်းဒုန်းခုန်ပေါက်နေလေသည်။

ရေခွက်ကိုင်ကာ အခန်းထဲဝင်လာသောလျှံသည် ရှင်းကို သူ့လက်နဲ့ ကိုယ်တိုင် ရေတိုက်လေသည်။

'ဘယ်လိုအိမ်မက်မျိုးမက်လို့လဲ။ ခင်ဗျား အရမ်းလန့်သွားလား'

'ဘာမှမဟုတ်ပါဘူး။ အခုအဆင်ပြေသွားပြီ'

'ကျုပ်ကိုမပြောပြချင်တာလား'

'တကယ် ဘာမှထွေထွေထူးထူးမက်တာမဟုတ်ပါဘူး။ငါတောင်မသိတော့ဘူး ဘာတွေမက်ပြီးနိုးလာလဲဆိုတာ'

My Shin,My Husband (Completed)Where stories live. Discover now