Final Part(50)

4.7K 117 14
                                    

Unicode
ဇာတ်သိမ်းပိုင်း
အခန်း၅၀

"ဖွားဖွား"

လျှံနဲ့ရှင်းအနောက်ကို လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။  ရင်ဘတ်မှာ​​သေနတ်ဒဏ်ရာ​ ဖြင့်လဲကျနေသူက​ ဒေါ်​မြတ်နှင်းပင်​ ဖြစ်သည်။လက်ထဲမှာလည်းသေနတ်ကိုကိုင်ထားလျက်သားဖြစ်သည်။

"မြတ်နှင်း!မြတ်နှင်း! ည ည်းဟာလေ နောက်ဆုံးအထိကို သူများကို ဒုက္ခပေးဖို့ ဝန်မလေးဘူးနော်။ အခုကြည့် ဘယ်လိုဇာတ်သိမ်းသွားသလဲဆိုတာ"

ဒေါ်မြတ်နှင်းက ဖွားဖွားခြေရင်းမှာ ဟန်ဆောင်ငိုယိုပြကာ ဖွားဖွားကိုင်ထားတဲ့သေနတ်ကို လုပြီး ဖွားဖွားကို ပစ်ဖို့လုပ်တယ်လေ။ ဒါပေမယ့် ဒေါ်မြတ်နှင်းထက် ဖွားဖွားရဲ့ တပည့်က လက်ဦးသွားသည်။ဆတ်တငင်ငင်နဲ့ အသက်လုနေရတဲ့ ဒေါ်မြတ်နှင်းကို ကြည့်ပြီး ရှင်း အမြင်တွေဝေဝါးလာသည်။ ခေါင်းထဲကို အတိတ်က ဖြစ်ရပ်တွေက ချဥ်းနင်းဝင်ရောက်လာတော့ ရှင်းအသက်ရှူကြပ်လာပြီး လောကကြီးနဲ့အဆက်သွယ်ပြတ်သွားတော့သည်။

"ကိုကို!"

........

"သားရှင်း အန်တီ့သားလေးလျှံကလေ သိပ်ဆိုးတာ သိလား။ ဒါကြောင့် သားကဘဲ ခွင့်လွှတ်ပေးပါကွယ်"

"ရပါတယ် အန်တီ။မောင်....အဲ.လျှံက အဲလောက်လည်းဆိုးတဲ့ကလေးမဟုတ်ပါဘူး။"

"အေးကွယ် အန်ကယ့်သားလေးက တစ်အိမ်လုံးရဲ့အချစ်ခံလေးဆိုတော့ နည်းနည်းတော့ဂျစ်ကန်ကန်နိုင်တယ်နော်။ သားရှင်းကိုဘဲ အပ်ပါတယ်ကွာ။ အမေကလည်းပြောတယ် သားလျှံကို ဂိုက်ပြပေးဖို့ သားရှင်းကို ပြောထားတယ်ဆို။ ဒီလိုဆို အန်ကယ်တို့က ကျေးဇူးတင်ပါတယ်ကွာ"

"မဟုတ်တာ ဦးလေးရာ။ ရှင်းနဲ့ရှင်းဦးလေးကသာ အန်ကယ်တို့ကို ကျေးဇူးတင်ရမှာပါ။ရှင်းကို နေစရာပေးတဲ့အပြင် ကျောင်းစားရိတ်ပါ ထောက်ပံ့ပေးထားတာနဲ့တင်ကို ရှင်းအတွက် ကျေးဇူးကြီးလှပါပြီ"

အန်တီနဲ့ ဦးလေးက ရေ​နွေးကြမ်းတစ်ငုံကို သောက်ပြီး ရှင်းကို ပြုံးပြီး ကြည့်လိုက်သည်။ ထို့နောက်စကားတွေဖောင်ဖွဲ့ပြောနေရင်း ရှင်းရှေ့က အန်တီနဲ့ဦးလေးက ရယ်မောပျော်နေကြသည်။

My Shin,My Husband (Completed)Where stories live. Discover now