Zawgyi
"ဖွားဖွား...."ရှင်းအလန့်တကြားဖြစ်သွားကာ ထရန်ပြင်တော့ အဝတ်အစားမပါတဲ့ ကိုယ်ကို သတိထားမိသွားပြီး စောင်နဲ့ပြန်ကာလိုက်သည်။ဖွားဖွားကတော့အံ့အားသင့်နေကာ ရှင်းကိုမျက်နှာလွှဲ မြေးဖြစ်သူအား
"ပြည့်စုံလျှံရှင်း!...."
ဖွားဖွား ဒေါသတကြီးခေါ်လိုက်တော့ နားကိုလက်နဲ့ကလော်ကာ"ဖွားရယ် ဖြေးဖြေးခေါ်ပါဗျာ ဒီမြေးလေးနားကန်းသွားရင် ရင်ကျိုးရမှာ ဖွားနော်...."
ရွတ်နှောက်နှောက်နဲ့ ပြန် ေဖြပါသောလျှံ...
"အခုချိန်မှာတောင် မျက်နှာပြောင်နေနိုင်သေးတယ် ဟုတ်လား ဒါက ၁၀နှစ်ကြာမှတွေ့ရတဲ့ အဖွားကိုနှုတ်ဆက်တဲ့ပုံစံပေါ့လေ ဟုတ်လား..."
ဖွားဖွားကိုယ့်မြေးဖြစ်သူရှင်းနဲ့အိပ်ယာထဲမှာတွေ့ရသောကြောင့်ပြောလိုက်ခြင်းဖြစ်သည်
"ဖွားကို surpriseလုပ်လိုက်တာ"
ဟက်ကနက်ရယ်ကာလျှံပြောလိုက်သည်။ဖွားရယ် ဖွားရဲ့ လှည့်ကွက်ထဲမှာ မြေးက ဝင်ကစားပေးလိုက်ရုံပါဘဲ မသိတာမှတ်လို့အ ဖွားပိုင်တဲ့ဒီLyan hotelမှာဆေးခပ်မယ့်သူက အဖွားအပြင်ဘယ်သူရှိဦးမှာလဲဗျာ မြေးက အဖွားဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပါဘဲ ဖွားဖွားလည်းမြေးဖြစ်သူအားမနိုင်ဘူးဆိုတဲ့မျက်နှာထားဖြင့်
"အခုချက်ချင်း သားရှင်းနဲ့တူတူ အိမ်ကိုပြန်လိုက်ခဲ့"
တစ်ချက်လွတ်ရာဇသံပေးကာ ဖွားဖွားလှည့်ထွက်လာတော့သည်ဖွားဖွားရဲ့ မျက်နှာပေါ်မှာကျေနပ်အပြုံးဖြင့်ငါ့အကြံအောင်မြင်ပြီးလို့တွေးကာ ပျော်ရွှင်နေလေသည်
လျှံတစ်ယောက်ခေါင်းကို လက်ဖြင့် ပွတ်သက်ကာ ကျစ်လို့စုပ်သတ်လိုက်သည။်ထို့နောက်နံဘေးကသူကိုကြည့်တော့ မျက်နှာကို မော့မလာဘဲ စောင်နဲ့ကိုယ်ကို အတင်းဖုံးဖိထားသည်
"ဟင့်.." ရှိုက်သံကိုကြားလိုက်တော့ လျှံလည်း ထိုလူသားအား လှည့်မကြည့်ဘဲ ကုတင်အောက်ကျနေသော တဘက်ကိုပြန်ဝတ်လိုက်သည် ထို့နောက် အဝတ်လဲခန်းထဲဝင်ပြီး အဝတ်အစားလဲနေလိုက်သည်
ရှင်းကတော့ ဖွားဖွားနဲ့ရှင်းကိုရှိတယ်လို့တောင်မထင်သောသူ စကားပြောနေတာကို နားထောင်နေရသည်။ရှင်း ဖွားဖွားကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ။ရှင်းအရမ်းရှက်တယ်။ပြီးတော့အခုလိုပုံစံနဲ့မိသွားတော့ ရှင်းပိုလို့တောင် အနေရခက်သည်။ သူကိုရော ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။သူကတော့ ကိုယ်ကို စောက်ဂရုတောင်မစိုက်တာ။ကိုယ်လည်းသူနဲ့မပတ်ချင်ပါဘူး။ဖွားဖွားကြောင့်သာ...။အခုလည်းကြည့် ရှင်းကို ဘာတစ်ခွန်းမှာမပြောဘဲ သူလုပ်ချင်တာသာလုပ်နေတယ်။တော်ပြီရှင်းဘာအတွက်ကြောင့်ငိုနေရတာလဲ။ရှင်းမျက်ရည်တွေကို သုပ်လိုက်တယ်။ရှင်းလည်းရှင်းလုပ်စရာရှိတာလုပ်မယ်။ သူဒီအခန်းကထွက်သွားမှ ရှင်းသွားမယ်။ သူနဲ့အတူတူတော့အိမ်မပြန်ချင်ဘူး သူကလည်းရှင်းကို အမြင်မကြည်ဘူးမလား
.......
fit shirtအမဲနဲ့အပေါ်ကအမဲရောင်leather jacket အောက်က Jean အမဲနှင့် nike sneaker ကိုစီးထားပြီး accessoryတွေဝတ်ဆင်လေ့ရှိတာကြောင့် နားကပ်ကိုတော့ လက်ဝါးကပ်တိုင်ပုံလေးကို ညာဘက်နားမှာဝတ်ထားပြီး ပြီးတော့ညာဘက်မျက်ခုံးမှာလဲ eye piercingဖောက်ထားသေးတယ် လက်ထဲမှာလည်း samsung ခေါက်ဖုံးလေးကို ကိုင်လျက် လျှံထွက်လာသည်။အခုထိ အိပ်ယာပေါ် တုတ်တုတ်မျှမလုပ်ဘဲ ကိုယ်ထွက်လာမှ နံဘေးလှည့်အိပ်သွားပါသောထိုလူသားအားကြည့်ကာ လျှံ စိတ်မရှည်ချင်တော့ပေ။ အောက်မှာကျနေသော သူ့အဝတ်အစားတွေကို ကောက်ပြီး စိတ်မလျှံဟန်ဖြင့် ကမ်းပေးတော့ ရှင်းကလည်း အဝတ်အစားအားယူကာ လျှံမျက်နှာကို စေ့စေ့မကြည့်ဘဲ ပြန်လှည့်သွားသည်...
ဟာ့ ဘာလဲ လူကို မမြင်ချင်ယောင်ဆောင်နေတယ်ပေါ့လေ။ရှင်းလည်း သူထွက်သွားမလားဆိုပြီး တံခါးပိတ်သံကို နားစွင့်နေပေမယ့် အခုထိဘာသံမှမကြားရတော့ အနောက်ကို မသိမသာလှည့်ကြည့်စဥ်
YOU ARE READING
My Shin,My Husband (Completed)
Romansa(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...