Part 42

3.1K 80 5
                                    

Unicode
အခန်း ၄၂

"မောင်..မောင်"

"အစ်ကိုရှင်းသတိရပြီလား"

မျက်လုံးမပွင့်သေးပေမယ့် သတိရလာလာချင်းခေါ်လိုက်တဲ့နာမ်စားက မောင်တဲ့။ ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်အခြေအနေရှိလဲ သတိမမူမိ။ ရှင်းရဲ့ စိတ်ရောခန္ဓာကပါ မောင့်ဆီမှာသာ။

"ဟင်း...မောင်."

ရှင်းတစ်ချက်ည ည်းလိုက်ပြီး မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

"အစ်ကိုရှင်း အစ်ကိုရှင်း ၊ကျွန်တော်ပါ လရောင်။"

"လရောင်လား....အင်း"

"အစ်ကိုရှင်း မထနဲ့ဦးလေ"

စမ်းတဝါးဝါးနဲ့ကြုံးထလာသည့်ရှင်းကြောင့် လရောင်မှာ တားမလို့ရှိသေး။ အစ်ကိုရှင်းက ထတောင်ထိုင်နေလေပြီ။ လူက ဖျော့တော့ပြီး လုံးဝအရှင်းပျောက်သေးသည့်ပုံလည်းမပေါ်သေးဘူး။ မနေ့ညက အဖြစ် အပျက်ကြောင့်အစ်ကိုရှင်းလည်း အရမ်းလန့်သွားမှာ သေချာတယ်။ ကိုယ်တွေတောင် ဒီလောက်စိတ်ပူနေရရင် အမျိုးသားဖြစ်တဲ့အစ်ကိုရှင်းဆိုပိုဆိုးတာပေါ့။အစ်ကိုလေးလည်းသတိရလာလို့ရှိရင် အစ်ကိုရှင်းမူးလဲနေတာသိပြီး ဒီကိုချက်ချင်းရောက်လာလောက်တယ်။

"လရောင် မောင်ရောဟင်။ငါ မောင့်ကိုတွေ့ချင်တယ်။ ငါ့ကိုမောင့်ဆီခေါ်သွားပေး"

"ဟုတ်ပါပြီ ကျွန်တော်ခေါ်သွားပေးပါ့မယ် အစ်ကိုရှင်းရယ်။ အခုတော့ အစ်ကိုရှင်း ကိုယ့်ကိုယ်ကိုယ်လည်းကြည့်ပါဦး။"

ရှင်းက ဘာဖြစ်နေလို့လဲ။လရောင်ပြောလို့ ရှင်းကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်တော့ ။ ဟင် ငါကဘာလို့ကုတင်ပေါ်မှာရောက်နေရတာလဲ။ လက်မှာ ဆေးသွင်းထားတယ်။ ညက ရှင်းဘာဖြစ်သွားတာလဲ။ ထားပါ ဒါက ဘာအရေးကြီးလို့လဲ။ မောင်ကိုဘဲတွေ့ချင်တယ်။

"ငါမသိဘူး လရောင်။ ငါ့ကို မောင့်ဆီကိုဘဲ ခေါ်သွားပေး။ ကြာပါတယ် ငါဘာသာငါဘဲ မောင့်ဆီသွားတော့မယ်"

"အစ်ကိုရှင်းခန"

ကုတင်ပေါ်က အတင်းဆင်းဖို့ပြင်နေသူကြောင့် လရောင်မှာ ပြာယာခန့်သွားရသည်။ရှင်းကို မသွားဖို့ တားနေတဲ့လရောင်ထံကနေ ရှင်းအတင်းရုန်းထွက်နေပေမယ့် မရပေ။ ရှင်းမှာ လရောင်ကိုတောင် တွန်းထုတ်ဖို့ ခွန်အားမရှိလောက်အောင် အားနည်းနေတာဖြစ်သည်။ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အခြေအနေတွင် တံခါးဖွင့်သံနဲ့အတူ wheelchairပေါ် ကလူသည်

My Shin,My Husband (Completed)Where stories live. Discover now