Part20

4.3K 102 3
                                    

Zawgyi
အခန်း၂၀
ရှင်း အလုပ်ကပြန်ရောက်လို့ ရေမိုးချိုးလိုက်သည်။ ညစာကိုတော့ သူနဲ့အတူတူစားမယ်လို့ရှင်းတွေးထားသည်။ဒါကြောင့်ရှင်း ဖွားဖွားစားဖို့ညစာကိုပြင်ဆင်ပေးပြီးတာ အခန်းထဲပြန်လာလိုက်သည်။ ရှင်းစာကြည့်စားပွဲမှာထိုင်ကာ laptopကိုဖွင့်လိုက်သည်။အံဆွဲထဲကနေ စာကြည့်မျက်မှန်ဘူးလေးကို ထုတ်လိုက်သည်။ မျက်မှန်တပ်ထားတဲ့ရှင်းပုံလေးက တကယ့်ကို နာမည်နဲ့လိုက်အောင်တည်ငြိမ်ပြီး ရင့်ကျင့်တဲ့ အမျိုးသားငယ်တစ်ယောက်ပင်ဖြစ်သည်။
“ခလင့် ခလင့်”

ရှင်းစာရိုက်နေတုန်း ကားသံကြားလိုက်သည်။ ဘာရယ်မဟုတ် ရှင်းပြတင်းပေါက်ကနေ ခြံတံခါးဝကိုကြည့်လိုက်သည်။

“ဟင် သူ့ကားမဟုတ်ပါလား”

ရှင်းသိလိုစိတ်နဲ့အောက်ကိုဆင်းလာလိုက်သည်။

“မိ လှိုင် အစ်ကိုရှင်းရှိလား”

“ရှိတယ်ရှင့် အစ်ကိုလရောင် ။ခနနော် မိလှိုင်သွားခေါ်ပေးမယ် အစ်ကိုက ဧည့်ခန်းထဲကနေ စောင့်ပါလားရှင့်”

လရောင်က ဖွားဖွားကိုယ်တိုင်ခန့်ထားတာဆိုတော့ ဒီအိမ်ကို ဝင်ထွက်နေကျဖြစ်သည်။ဒါကြောင့် မိလှိုင်တို့နဲ့မစိမ်းသက်ပေ။

ရှင်းကအောက်ကိုအဆင်း မိလှိုင်နဲ့တိုးတော့
“မိ လှိုင်ဘယ်သူ့ကားလဲ”

“မိ လှိုင်အခုဘဲ အစ်ကိုရှင်းကို လာခေါ်တော့မလို့။ကိုလရောင် ရောက်နေတယ် ဧည့်ခန်းထဲမှာ။”
“အင်း အစ်ကိုသွားတွေ့လိုက်မယ်။”

“လရောင် “

“အစ်ကိုရှင်း ...ကျွန်တော်အစ်ကို့ကိုလာကြိုတာပါ။အစ်ကိုအဝတ်အစားမလဲတော့ဘူးလား”

ကလပ်သွားမယ့်လူက အိမ်နေရင်းအဝတ်ကိုထားတော့လရောင်ကမေးလိုက်ခြင်းဖြစ်သည်။လရောင်က ရှင်းသိတယ်ထင်လို့ေမးလိုက်တာ

“ဘယ်လို အစ်ကို့ကိုလာကြိုတယ်ဟုတ်လား။ဘာအတွက်လဲ။အစ်ကိုက ဘာလို့အဝတ်အစားလဲရမှာလဲ”

“အစ်ကိုရှင်းကို အစ်ကိုလေးမပြောထားဘူးထင်တယ်။”

ဖုန်းလာတော့စကားစပြတ်သွားသည်
“ကလင်ကလင်”

My Shin,My Husband (Completed)Where stories live. Discover now