Unicode
အခန်း ၂၄
မနေ့ည၉နာရီ"စိတ်မပူပါနဲ့အစ်ကိုလေး ကျွန်တော်စုံစမ်းထားလိုက်ပါ့မယ်။ကိုကြယ်တာရာက သူ့အဖေပိုင်ဆေးရုံကိုခေါ်သွားပေးပါ့မယ်ဆိုလို့ ကျွန်တော် အခု ကိုကြယ်တာရာနဲ့အတူ ဆေးရုံကိုသွားနေတာပါ။ဟိုလူကို လူနာတင်ယာဥ်နဲ့ခေါ်သွားပါပြီ။အစ်ကိုလေးသာ အစ်ကိုရှင်းကို သေချာဂရုစိုက်လိုက်ပါဗျာ့။"
"ကောင်းပြီကိုလရောင် ပြီးရင်ကျွန်တော့်ကိုအဲ့ကောင်အခြေအနေကိုပြောပြပေးပါ။မနက်ဖြန်တော့ကျွန်တော်ရုံးကိုမလာဖြစ်လောက်ဘူး။"
လျှံ ကားမောင်းနေရင်းသူ့နံဘေးက အိပ်ပျော်နေတဲ့သူကိုကြည့်ပြီးပြောလိုက်သည်။"ဟုတ်ကဲ့ပါ အစ်ကိုလေး "
လရောင် ဖုန်းချလိုက်သည်နှင့်ကားမောင်းနေတဲ့ တာရာက"ဘာတဲ့လဲ"
"မနက်ဖြန်တော့ အစ်ကိုလေးအလုပ်မလာတော့ဘူး။ ဒီက ကိစ္စတွေကိုကျွန်တော်ဘဲ ဖြေရှင်းလိုက်ပါ့မယ်"
"ကိုယ့်လရောင်လေး အရမ်းပင်ပန်းနေတော့မှာဘဲ"
"မပင်ပန်းပါဘူးဗျာ့။ဒါကျွန်တော့်အလုပ်ဘဲလေ။ပြီးတော့ကျွန်တော့်ကိုအဲလိုခေါ်နေတာရပ်ပေးလို့ရမလား။ ကျွန်တော့်ကို အစ်ကိုလေးခေါ်သလိုခေါ်လည်းရပါတယ်။"
ဒီလူကအဲလိုပြောင်ပြောမှရတော့မယ် ။ ဟုတ်တယ်လေ လူကို ပိုင်စိုးပိုင်နင်း လနတ်သား my angle နတ်သားလေး ကိုယ့်လရောင်လေး ကျွန်တော့်လရောင်လေးနဲ့ မျိုးစုံပါဘဲ ခေါ်နေတာ မသိရင် ကိုယ်ကသူ့ကောင်လေးကျနေတာဘဲ။တွေ့တာဖြင့် တစ်ရက်တောင်မပြည့်သေးဘူး လက်ရဲဒက်ရဲနိုင်တာလည်းအရမ်းဘဲ။အခုကြည့်လေ သူ့ကားရှိရက်နဲ့ကိုယ့်ကားပေါ်ကိုဇွတ်တက်လာတာသာကြည့်။ကားတံခါးဖွင့်ခါနီး ကိုယ့်လက်ကိုဇွတ်ဆွဲကာ lover seatမှာထိုင်ခိုင်းသည်။ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်းသွားပါ့မယ်ဆိုတာကို မရဘူး။တစ်ယောက်တည်းမောင်းရင်စိတ်မချလို့တဲ့။ကိုယ်နဲ့သူက စိတ်ပူလောက်တဲ့အထိ ရင်းနှီးကြသေးတဲ့အခြေအနေလည်းမဟုတ်ပါဘဲနဲ့။ဘယ်လိုလူမှန်းကိုမသိဘူး။အဲလိုပွေလီပြီးရဲတင်းတဲ့သူ့လိုလူမျိုးတွေကို လရောင်တကယ် သဘောမတွေ့ပေ။ အစ်ကိုလေးနဲ့မကင်းလို့သာ။ကိုယ့်အလိုဆိုရင် သူ့လိုလူမျိုးကိုအရောကိုဝင်မှာမဟုတ်ဘူး။
YOU ARE READING
My Shin,My Husband (Completed)
Romance(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...